ပုဇွန်မြောင်းရွာထဲက နေအိမ် ၃၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့

ပုဇွန်မြောင်းရွာထဲက နေအိမ် ၃၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာထဲက နေအိမ် ၃၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးထပ်ရှို့လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်ကနေ ည ၇ နာရီကျော်တဲ့အထိ ဆွဲဒလဲပိုင်းက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ မီးရှို့လို့ နေအိမ်တွေ မီးလောင်နေတာကို မြင်နေရတယ်။ မီးလောင်မှုက ည ၁၀ ကျော်လောက်မှ မမြင်ရတော့တာ။ အိမ်တွေ ပြာကျသွားလို့နေမယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်မှုအခြေနေနဲ့ မီးတောက်အခြေနေအရ နေအိမ် ၃၀ ထက်မနည်း မီးလောင်ပျက်စီးနိုင်လောက်တယ်လို့ ယူဆနေကြပါတယ်။

ယခုလို ပုဇွန်မြောင်းရွာထဲက နေအိမ်တွေကို ကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မီးရှို့တာ ၄ ကြိမ်မြောက်ရှိနေပြီး အိမ်ခြေ ၂၀၀ ထက်မနည်း မီးရှို့ခံထားရလို့ ပျက်စီးထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂ ရက် ညနေပိုင်းကလည်း  ပုဇွန်မြောင်းကျေးရွာ၊ ဆွဲဒလွဲပိုင်းနဲ့ အောင်ချမ်းသာကွက်သစ်ပိုင်းက နေအိမ် ၅၀ နီးပါးခန့်ကို စစ်ကောင်စီဘက်က မီးတင်ရှိုခဲ့ပါသေးတယ်။

ပုဇွန်မြောင်းကျေးရွာထဲမှာ စက်တင်ဘာ ၂၇ ရက်ကတည်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီအင်အား ၁၀၀ လောက်က ကျေးရွာထဲမှာ တပ်စွဲနေထိုင်နေခဲ့တာပါ။

ပုဇွန်မြောင်းကျေးရွာဟာ အိမ်ခြေ ၁,၅၀၀ ကျော်ရှိပြီး လူဦးရေ ၄,၀၀၀ ကျော်နေထိုင်တဲ့ရွာဖြစ်ပြီး အခုအချိန်မှာတော့ စစ်ကောင်စီတပ်က ကျေးရွာထဲ တပ်စွဲထားလို့ နေထိုင်သူ မရှိတော့ဘူးလို့ သိရပါတယ်။

၂၀၂၂ ခုနှစ်ကလည်း ပုဇွန်မြောင်းကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့လို့ နေအိမ် ၁၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ညောင်လေးပင်မြို့ #ပုဇွန်မြောင်းကျေးရွာ #မီရှို့  #မီးလောင် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10