ပုတီးကုန်းရဲက ပုပ်ပွသေဆုံးနေတဲ့အလောင်းကိုဆေးစစ်ချက်မယူဘဲ မီးသဂြိုလ်

ပုတီးကုန်းရဲက ပုပ်ပွသေဆုံးနေတဲ့အလောင်းကိုဆေးစစ်ချက်မယူဘဲ မီးသဂြိုလ်

ပြည်ခရိုင် သဲကုန်းမြို့နယ် ပုတီးကုန်းရဲစခန်းအပိုင် ကျေးရွာတရွာမှာ ပုပ်ပွသေဆုံးနေတဲ့ အလောင်းကို ဇူလိူင် ၉ ရက်ညနေက တွေ့ရှိခဲ့ပြီး အဲဒီညနေမှာပဲ ရဲက ဆေးစစ်ချက်မယူပဲ  မီးသဂြိုလ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ပုတီးကုန်းမြို့ ရင်းတိုက်မှော်အုပ်စု သခွတ်စောက်ကျေးရွာက အသက် ၂၉နှစ်အရွယ် ကိုအောင်ကိုဝင်း ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

"အလောင်းက ရင်းတိုက်မှော်ရွာအနီးက ကိုင်းတောထဲမှာ သေနေတာ ပိုးတွေလည်း တွယ်နေတယ်လို့ပြောတယ် ဘာဖြစ်သေမှန်းမသိဘူး ဒါကိုရဲက ဆေးစစ်ချက်မယူပဲ တခါတည်း မီးသဂြိုလ်ခိုင်းလို့ ​သဂြိုလ်ရတာကို မိသားစုဝင်တွေက သံယဝင်နေတယ် ခုဟာက ဘယ်လိုဖြစ် သေမှန်းမသိဘူး သူများပဲ သတ်သလားပေါ့ "လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

အခုလို အကြောင်းရင်း မသိရပဲ သေဆုံးနေတဲ့ရုပ်အလောင်းတွေကို တွေ့ရှိပါက  ရဲက သေမှုသေခင်းဖွင့် စစ်ဆေးရပြီး ဆေးစစ်ချက်ယူရသလို  ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရပေမယ့် အခုလို လူတယောက်ရဲ့ အသက်တချောင်းကို ပေါ့ပေါ့ဆဆ သဘောထားတာဟာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်​ဘူးလို့လည်း  အငြိမ်းစားရဲတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

သေဆုံးသူဟာ အလောင်းမတွေ့ရှိမီ ၇ ရက်အကြာလောက်ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး  အလောင်းကိုဝက်ပုတ်ပရဟိတအသင်းက ယာဥ်နဲ့ သယ်ဆောင်ကာ ဝက်ပုတ်နယ်ထဲမှာပဲ မီးသဂြိုလ်ခဲ့တာလို့  သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10