ပုဒ်မ ၅၀၅ အမှုကို အမိန့်ချတာ မတူလို့ကျေနပ်မှုမရှိကြ

ပုဒ်မ ၅၀၅ အမှုကို အမိန့်ချတာ မတူလို့ကျေနပ်မှုမရှိကြ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်ထောင်မှာ ပုဒ်မ ၅၀၅(က)နဲ့ ချုပ်နှောင်တရားစွဲခံထားရတဲ့ နတ်တလင်းမြို့နဲ့ ပေါင်းတည်မြို့နယ်သားတွေကို သက်ဆိုင်ရာတရားသူကြီးတွေက ဒီနေ့မှာပဲ ထောင်ဒဏ်အသီးသီး အမိန့်ချခဲ့ရာမှာ တူညီမှုမရှိလို့ ဒေသခံတွေက ကျေနပ်မှုမရှိပဲ ဖြစ်နေကြပါတယ်။

မနက်ပိုင်းမှာ ပေါင်းတည်မြို့နယ်တရားသူကြီးက မြို့ခံ ၉  ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခဲ့အပြီး၊ နေ့လယ်ပိုင်းမှာတော့ နတ်တလင်းမြို့က  တရားသူကြီးက သူရဲ့မြို့နယ်သားတွေကို ထောင်ဒဏ် ၃ နှစ်စီ အမိန့်ခဲ့တာကြောင့် ဖြစ်ပါတယ်။
    
"ပေါင်းတည်ထောင်ဝင်းထဲက အထူးသီးသန့်ရုံးမှာပဲ နတ်တလင်းကတရားသူကြီးကပဲ အမိန့်လာချတာ ပေါင်းတည်နဲ့ နတ်တလင်းကတရားသူကြီးတွေ တယောက်တလည်း ရုံးထိုင်ပြီး အမိန့်ချတာလေ အကုန်လုံး ၅၀၅(က) သီးသန့်တွေပဲ နတ်တလင်းတရားသူကြီးက လက်စွမ်းနည်းနည်းထက်နေတယ်" လို့ နတ်တလင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မနက်ပိုင်းမှာ အမိန့်ချတဲ့နှစ်အတိုင်း အမိန့်ချလိမ့်မယ်လို့ မိသားစုတွေက မျော်လင့်နေခဲ့တာဖြစ်ကြောင်း ပုဒ်မအတူတူချင်းကို အမိန့်ချတာချင်း မတူတဲ့အတွက် မဖြစ်သင့်ကြောင်း လိုက်ပါကူညီပေးနေသူတဦးက ဆိုပါတယ်။

အခုလိုထောင်ဒဏ် ၃ နှစ်ချမှတ်ခံရသူတွေကတော့ နတ်တလင်းမြို့ပေါ်က ကိုသန့်ဇင်ဦးနဲ့ ကိုပြုံးချို၊ တောင်ညိုမြို့သစ်က ကိုဝင်းသန်းနဲ့ ရေကြည်ချောက်ခမ်းရွာက ကိုမြခိုင်တို့ဖြစ်ပြီးအားလုံးဟာ ၉ လ နီးပါး ချုပ်နှောင်ခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10