ပုလဲက မြို့နယ်ပညာရေးမှူးရုံး စီးနင်းခံရ ရုံးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ရှိ မြို့နယ်ပညာရေးရုံးကို ဧပြီ ၅ ရက်မှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - သခင်ဒေါင်းညိုတပ်ရင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဗျူဟာမှူး သခင်ဒေါင်းညိုဆီက သိရပါတယ်။

အဆိုပါ ပုလဲမြို့နယ်ပညာရေးရုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုံးဝန်ထမ်းတွေကို CDM လုပ်ကြဖို့၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ရုံးဘက်က တစုံတရာ တုန့်ပြန်တာတွေ မရှိတဲ့အတွက် ဧပြီ ၅ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - သခင်ဒေါင်းညိုတပ်ရင်း၊ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

ရုံးကိုဝင်စီးချိန်မှာ ရုံးဝန်ထမ်း ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့သလို ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်း၊ စာအုပ်တွေ၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံနဲ့ ပညာရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပညာရေးရုံးအတွင်းက ဖမ်းမိတဲ့ ရုံးဝန်ထမ်း၂ ယောက်ကို CDM လုပ်ဖို့အတွက် သတိပေးပြီး ချက်ချင်းပြန်လွှတ်ပေးခဲ့ကာ သိမ်းဆည်းရခဲ့တဲ့ ပစ္စည်းတွေကိုတော့ မရှိမဖြစ်လိုအပ်နေတဲ့ NUG စာသင်ကျောင်းနဲ့ MOE လက်အောက်ခံကျောင်းတွေကို ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #မြို့နယ်ပညာရေးရုံး #ဝင်းရောက်စီးနင်း #BNRA #သခင်ဒေါင်းညို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10