ပုလဲနယ်က ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲလို့ ဘုန်းကြီးတပါးအပါ ၉ဦးသေဆုံး

ပုလဲနယ်က ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲလို့ ဘုန်းကြီးတပါးအပါ ၉ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက် ဒီနေ့ နေ့လယ် ၃ နာရီကျော်မှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါးအပါ ၉ဦးသေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီလေတပ် ဗုံးကြဲလေယာဉ်တစီး ညောင်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းကို မိနစ်အနည်းငယ်ကြာ အဓိကထား ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးတွေနဲ့ကိုရင်၊ ကျောင်းသားတွေပဲရှိတာလေ။ ဒလန်တွေက သတင်းအမှားပေးလို့ လာလုပ်တာလို့ထင်တယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေရောက်နေတယ်လို့ သတင်းမှားတွေပေးလို့ လာပစ်တာထင်တယ်" လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

လေယာဥ်နဲ့ပစ်ခတ်မှုကြောင့် ညောင်းကုန်းရွာက နေအိမ် ၁၃လုံးမီးလောင်ပျက်စီးသလို ဘုန်းကြီးကျောင်းလည်း ပျက်စီးမှုရှိတယ်လို့ဆိုပါတယ်။

အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာ တပ်ရင်း၊ တပ်ဖွဲ့တွေ ရောက်နေတာလည်းမရှိသလို လက်ရှိမှာ ဗုံးကြဲပစ်ခတ်ခံရတာကြောင့် ဘုန်းကြီးကျောင်း၊ လူနေအိမ်တွေရဲ့ ပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရှိရသေးဘူးလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက်  #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10