ပုလဲနယ်ကို စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

ပုလဲနယ်ကို စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို ဒီနေ့မနက်မှာ စစ်တပ်ကစစ်ကြောင်းထိုးလာတာမို့ ဒေသခံ ၁၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပုလဲမြို့နယ်၊ သပိတ်ဦးဆောင်ကော်မီတီထံက သိရပါတယ်။

ပုလဲမြို့ဘက်ကနေ ဒီနေ့မနက် ၅ နာရီမှာ စစ်တပ်က စစ်ကြောင်းထွက်လာပြီး ကျွန်းဘိုကုန်းရွာကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

"မနေ့ညက စကစစစ်ကြောင်း ပုလဲမြို့ပေါ်ရောက်နေတော့ ပြည်သူတွေသတိအနေအထားနဲ့ နေခဲ့ရတယ်။ ဒီနေ့မနက်အစော စစ်ကြောင်းထွက်လာတော့ ပုလဲမြို့အထွက်မှာ မိုင်းဆွဲခံရပြီး ခဏပြန်ဝင်သွားတယ်။ အဲ့ဒီနောက် ပြန်ထွက်လာပြီး အခုရွာတွေဘက်အထိ ရောက်နေပြီ" လို့ သပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူ တဦးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ရဲ့ထိခိုက်ကျဆုံးမှုကိုတော့ မသိရဘူးလို့ဆိုပါတယ်။

အဲ့ဒီနောက်စစ်တပ်က ကျေးရွာတွေကို ဝင်မွှေနေတာမို့ ကျွန်းဘိုကုန်း၊ မန်ကျီးခွ၊ ရွာသာ၊ လိန်ကုန်း၊ ကံကြီး၊ မွေ့တုံ၊ ညောင်ကုန်း၊ ဖိုကုန်း၊ ကံပေါက်၊ နွယ်ရှောက်၊ လှော်ကား၊ အင်ကြင်းစုက ဒေသခံတွေ ရှောင်တိမ်းနေရ တယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ်ကို #စစ်ကြောင်းထိုး #စစ်ကောင်စီ #ကျွန်းဘိုကုန်း #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10