ပုလဲနယ်က ပျူစောထီးရွာ ဒရုန်းနဲ့ ၄ ရက်ဆက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ပုလဲနယ်က ပျူစောထီးရွာ ဒရုန်းနဲ့ ၄ ရက်ဆက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက ပျူနဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ နေရာကို  ဒရုန်းနဲ့ ၄ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Myingyan District Drone Strike Team ဆီက သိရပါတယ်။

ဇွန်လ ၁၅ ရက်ညနေမှာ ဇီးဖြူကုန်းပျူရွာကို စစ်ကောင်စီအင်အား ၄၀ လောက်ရောက်လာပြီး နောက်ပိုင်း အဲ့ဒီနေ့ကစလို့ ၁၈ ရက်ထိ နေ့စဥ်ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"နဂိုက ပျူတွေပဲရှိနေတဲ့ရွာကို စစ်ကြောင်းကလာပေါင်းပြီး တပ်စွဲနေနေတာ။ ၄ ရက်မှာဗုံး ၁၄ လုံးကျော် ချခဲ့တာ။ သူတို့တွေက ရွာထဲမှာ ဘန်ကာတွေနဲ့ အသေအချာနေတာ" လို့ Myingyan District Drone Strike Team တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီနဲ့ပျူတွေ စုဖွဲ့နေထိုင်တဲ့ ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေကို ရွေးပြီး ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇွန်လ ၁၈ ရက်က ကျေးရွာဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ ပျူနဲ့စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ချိန် ပျူ ၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့သာ ပြန်သိရပြီး ကျန်ရက်တွေက ထိခိုက်မှုအခြေအနေကို မသိရဘူးလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ပျူစောထီး သေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ဒီတိုက်ခိုက်မှုတွေကို Myingyan District Drone Strike Team၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution forces၊ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA၊ Urban Underground Revolution - YSO တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဇွန်လ ၁၄ ရက် မနက် ၇ နာရီ မိနစ် ၂၀ ခန့်မှာလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကနေ အင်အား ၇၀ လောက်နဲ့ထွက်လာတဲ့ ခလရ ၇၀၄ တပ်ရင်းက ဗိုလ်ကြီး မြတ်မင်းသူ ဦးဆောင်တဲ့ စစ်သားနဲ့ပျူ ပူးပေါင်းစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ဇီးဖြူကုန်း #PDF #တိုက်ခိုက် #စစ်ကောင်စီ #ပျူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10