သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်း ၂ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို ၂နာရီကြာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနောက်မြောက်စစ်ဒေသရဲ့ ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။
ဇူလိုင် ၇ ရက် မနေ့က မနက် ၁၀ နာရီခွဲလောက်က မြို့မြောက်ဖက်ခြမ်းက စစ်ကောင်စီ အင်အား ၄၀ ဝန်းကျင်ရှိတဲ့ ထွေအုပ်ရုံးနဲ့ မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ရဲတပ်သား ၂၀ ဝန်းကျင်ရှိတဲ့ ရဲစခန်းကို တပြိုင်တည်း ဝင်တိုက်ခဲ့ကြတာဖြစ်ပြီး နေ့လယ် ၁ နာရီခွဲကျော်မှာ ပြန်ဆုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ မြို့ကို အလုံးအရင်းနဲ့ ဝင်လာတဲ့အခါမှာ သူတို့(စကစ)အကုန်လုံးက မြို့စောင့် ဘန်ကာကြီးတွေကနေ ပစ်အားနည်းနည်းနဲ့ပစ်ပြီး ထွက်ပြေးသွားကြတယ်။ မြို့အနောက်ဘက်ခြမ်း တခြမ်းလုံးမှာရှိနေတဲ့ ဘန်ကာတွေ၊ မြို့အရှေ့ဘက်မှာရှိနေတဲ့ တချို့ဘန်ကာတွေကို ကျနော်တို့တွေ သိမ်းနိုင်တယ်။ သိမ်းနိုင်လို့လည်း မြို့ကို ၂ နာရီကျော် ထိန်းနိုင်တဲ့ အခြေနေမျိုး ဖြစ်လာတာ။”လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနောက်မြောက်စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မြင့်နိုင်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ထွေအုပ်ရုံးနားမှာရှိတဲ့ နတ်ကြီးရပ်ကွက်ကနေ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၂ ဦးကို ဖမ်းမိခဲ့ပြီး အခုလက်ရှိ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အပ်နှံထားတယ်လို့ သိရပါတယ်။
အဲဒီ တိုက်ပွဲဟာ ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် ဖော်ဆောင်ခဲ့တာဖြစ်သလို ပုလဲမြို့တွင်း စစ်ရေးလှုပ်ရှားမှုတွေ နည်းလာနေတဲ့အတွက် ပြည်သူလူထု သွေးအေးသွားတာမျိုးတွေ မဖြစ်ဖို့ ရည်ရွယ်ပြီး စစ်ရေးနဲ့ နိုင်ငံရေး ယှဉ်တွဲပြီး ဖော်ဆောင်ခဲ့တဲ့ ပွဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ ဒဏ်ရာရအခြေနေတွေကတော့ စုံစမ်းနေဆဲဖြစ်ပြီး ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်တာ မရှိဘူးလို့ သူကပြောပါတယ်။
တိုက်ခိုက်မှုကိုတော့ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ(ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ABSDF-Column 3 တပ်ရင်း ၁၄ (ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF၊ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ နဲ့ ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #စခန်း #ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ခိုက် #တိုက်ပွဲ
Share Share Share