ပုလဲမြို့နယ် ညောင်ကုန်းရွာဘုန်းကြီးကျောင်း လေယာဉ်နဲ့ပစ်ခံရပြီးအခြေအနေ( Photo News)

ပုလဲမြို့နယ် ညောင်ကုန်းရွာဘုန်းကြီးကျောင်း လေယာဉ်နဲ့ပစ်ခံရပြီးအခြေအနေ( Photo News)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက် ဒီနေ့ မွန်းလွဲ ၃ နာရီကျော်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါးအပါ ၉ဦးသေဆုံးပြီး ဒဏ်ရာရသူ ၆ဦးရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

 

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီလေတပ် ဗုံးကြဲလေယာဉ်တစီး ညောင်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းကို မိနစ်အနည်းငယ်ကြာ အဓိကထား ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးတွေနဲ့ကိုရင်၊ ကျောင်းသားတွေပဲရှိတာလေ။ ဒလန်တွေက သတင်းအမှားပေးလို့ လာလုပ်တာလို့ထင်တယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေရောက်နေတယ်လို့ သတင်းမှားတွေပေးလို့ လာပစ်တာထင်တယ် "လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

 

လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ညောင်းကုန်းရွာက နေအိမ် ၁၃လုံးမီးလောင်ပျက်စီးသလို ဘုန်းကြီးကျောင်းလည်း တစစီဖြစ်နေတာကို ဓါတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10