ပုလဲမြို့နယ်၊ တနယ်ရွာကို စစ်တပ်ကတပ်စွဲထား၊ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်သွား

ပုလဲမြို့နယ်၊ တနယ်ရွာကို စစ်တပ်ကတပ်စွဲထား၊ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်သွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးကာတပ်စွဲထားတာကြောင့် ဒေသခံ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပုလဲမြို့နယ်သပိတ်ဦးဆောင်ကော်မတီထံက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၆ နာရီလောက်မှာ အင်မထီးကျေးရွာကနေပြီး စစ်တပ်က သေနတ်တွေပစ်ဖောက်ပြီး တနယ်ကျေးရွာကို ဝင်ရောက်လာတယ်လို့ သပိတ်ကော်မတီဝင် ကိုတိုးဝေအောင်က ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တနယ်ရွာထဲကို မွှေနှောက်ပြီးနောက် နေ့ခင်း ၁ နာရီလောက်မှာ အင်မထီးရွာဘက်ကနေ ပျူစောထီးတွေက လှည်းအစီးရေ ၄၀ ကျော်နဲ့ တနယ်ရွာဘက်ကို ထွက်လာတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းကြောင့် ရှောင်တိမ်းနေရသည့် တနယ်၊ လှော်ကား၊ ပန်းရွာ ဒေသခံများ
စစ်ကောင်စီစစ်ကြောင်းကြောင့် ရှောင်တိမ်းနေရသည့် တနယ်၊ လှော်ကား၊ ပန်းရွာ ဒေသခံများ

အင်မထီးကျေးရွာဟာ စစ်တပ်ထောက်ခံသူများပြီး ပျူစောထီးစခန်းပါ ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။

"စစ်တပ်က စစ်ကြောင်းထိုးပြီး ပျူစောထီးတွေအတွက် ရိက္ခာလာရှာပေးတဲ့ သဘောပေါ့" လို့ ကိုတိုးဝေအောင်က ပြောပါတယ်။

အင်မထီးကျေးရွာက ထွက်လာတဲ့လှည်းတွေကို ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ မိုင်းဆွဲတာတွေပြုလုပ်တာကြောင့် လှည်းအစီးရေ ၃၀ လောက်ပဲ တနယ်ရွာထဲကိုဝင်သွားပြီး ၁၆ စီးဟာ နောက်ပြန်လှည့်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ရှောင်တိမ်းနေရသည့် တနယ်၊ လှော်ကား၊ ပန်းရွာ ဒေသခံများ
စစ်ကောင်စီစစ်ကြောင်းကြောင့် ရှောင်တိမ်းနေရသည့် တနယ်၊ လှော်ကား၊ ပန်းရွာ ဒေသခံများ

ညနေပိုင်းမှာ အဲ့ဒီလှည်းအစီးရေ ၃၀ ခန့်က တနယ်ရွာကပစ္စည်းတွေကို သယ်ဆောင်ပြီး အင်မထီးရွာဘက်ကို ပြန်သွားတယ်လို့သိရပါတယ်။

စစ်တပ်ကတော့ စက်တင်ဘာ ၂၅ ရက် ယနေ့အထိ တနယ်ကျေးရွာထဲမှာ တပ်စွဲထားဆဲဖြစ်ပြီး တနယ်ရွာ၊ လှော်ကားရွာနဲ့ ပန်းရွာက ပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၉ ရက်ကတည်းက ဆားလင်းကြီးနယ်ထဲကနေ ပုလဲမြို့နယ်ကို ရောက်ရှိလာပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ၁၇ ရက်ရှိပြီလို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီစစ်ကြောင်းကြောင့် ရှောင်တိမ်းနေရသည့် တနယ်၊ လှော်ကား၊ ပန်းရွာ ဒေသခံများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #တနယ်ရွာ #စစ်တပ် #နွားလှည်း #စစ်ကြောင်းထိုး #ပစ္စည်းခိုး #သူခိုး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10