ပုလဲမြို့ပေါ်က ရဲစခန်းနဲ့ စစ်မှုထမ်းဟောင်းရုံးတို့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်က ရဲစခန်းနဲ့ စစ်မှုထမ်းဟောင်းရုံးကို စက်တင်ဘာ၂၉ရက် ဒီနေ့မနက် ၉နာရီမှာ အထူးကွန်မန်ဒိုအဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူးက ပြောပါတယ်။

အဲ့ဒီရဲစခန်းနဲ့ စစ်မှုထမ်းဟာင်းရုံးကို အထူးကွန်မန်ဒိုအဖွဲ့တွေက ၂ဖွဲ့ခွဲကာ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကတော့ ရဲစခန်းမရောက်ခင် ရဲတွေထွက်လာလို့ စျေးနားမှာပဲ တိုက်ပွဲဖြစ်ခဲ့တယ်လို့  ပြောပါတယ်။

"ဒီပွဲမှာက အထူးသဖြင့်လက်နက်ငယ်တွေသုံးပြီးတိုက်တယ်။ မကြာခင်ကလည်းကြေငြာထားတယ်။ အသေခံအထူးကွန်မန်ဒိုတွေအနေနဲ့ စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်မယ်ဆိုတာ။ ကျနော်တို့သုံးတာက AK သေနတ် မောင်းပြန်သေနတ်သုံးတိုက်တာ။" လို့ ဗျူဟာမှူး သခင်ဇော်က ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃ဦးဒဏ်ရာရလို့ လဝကရုံးထဲဆေးကုနေတဲ့ သတင်းပြန်သိရသလို ကွမ်းယာရောင်းတဲ့ အမျိုးသမီးတဦးလည်း ၄၀မမဗုံးသီးကျည်စထိပြီး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး တပ်ပြန်အဆုတ်မှာ မဟာမိတ်တော်လှန်ပျောက်ကြားတပ်ဖွဲ့က လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ ဗျူဟာမှူး သခင်ဇော်က ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ PDFတွေ ပြန်သွားအပြီးမှာ မြို့အဝင်အထွက်တွေပိတ်ပစ်လိုက်ပြီးတော့ ဂန့်ဂေါလမ်းမပေါ်မှာ စစ်ဆေးရေးတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်ကလည်း ပုလဲမြို့ကလာတဲ့ စစ်ကြောင်း ၃ ကြောင်းကို သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့က ပုလဲမြို့ နွယ်ရှောက်ကျေးရွာအနီးမှာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့ပါတယ်။

တည်းဖြတ်- ဇို

#မြေလတ်အသံ

#ပုလဲသတင်း #တိုက်ပွဲ #စစ်ကိုင်းတိုင်း #သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ #ရဲစခန်း #စစ်မှုထမ်းဟောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10