သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ပုလဲ-ဂန့်ဂေါကား လမ်းမပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၈ ရက်မနက် ၉ နာရီကျော်လောက်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ကို ၃ ဖွဲ့ခွဲပြီး ကင်းလှည့်နေကြချိန် PDF ၅ ဖွဲ့က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဟိန္နက Local People Defence Force -YMB မြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုဂန့်က ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း PDF တွေရဲ့ ထွက်ပေါက်လမ်းတွေကို ပိတ်ဆို့ပြီးတော့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ထိတွေ့တိုက်ခိုက်မှု ၁၅ မိနစ်ကြာမြင့်ခဲ့ပြီးနောက် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကိုဂန့်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဟိန္နက Local People Defence Force - YMB မြို့ပြပျောက်ကြားတပ်ဖွဲ့၊ Thakhin Brown Peocack PDF၊ B21 PDF၊ Pale Local PDF၊ မုဆိုးလေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ