သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်လဝကရုံးကနေ ထွက်ပြေးလာတဲ့လုံခြုံရေးတာဝန်ကျ စစ်ကောင်စီ တပ်သား ၁ ဦးကို ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ စစ်ဆေးဖမ်းမိခဲ့တယ်လို့ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ - CDF ဆီက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံထားရပြီးနောက် ကလေးမြို့အခြေစိုက် ခလရ ၈၉ တပ်ထဲဝင်ခဲ့ရတဲ့ တပ်သားမိုးမင်းအောင်ဖြစ်ပြီး လဝကရုံးမှာတာဝန်ကျနေစဉ် ထွက်ပြေးလာရာက ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့ စစ်ဆေးရေးဂိတ်မှာ သူကိုမသင်္ကာလို့ စစ်ဆေးရင်းသိရတာ။ သူ့ဖုန်းထဲမှာ သင်တန်းတက်ထားတဲ့ပုံ တွေ့တယ်။ သူ ရွာပြန်ဖို့ ပြန်လာတာ။"လို့ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ - CDF တာဝန်ခံက ပြောပါတယ်။
သူဟာ စက်တင်ဘာလလယ်လောက်ကစတင်ပြီး ပုလဲလဝကရုံးမှာ လုံခြုံရေးအဖြစ် တာဝန်ပေးခံထားရသူဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
တပ်သား မိုးမင်းအောင် နဲ့အတူ ပုလဲလဝကရုံးကနေ တရက်တည်းအတူထွက်ပြေးလာတဲ့ နောက်ထပ် စစ်ကောင်စီတပ်သား ၂ ဦးလည်းရှိပြီး သူတို့နဲ့ပတ်သက်တဲ့အခြေအနေကို မသိရသေးဘူးလို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။
လက်ရှိမှာ တပ်သား မိုးမင်းအောင် ကို ဆားလင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ အပ်နှံပေးထားကာ စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာထိန်းသိမ်းထားပြီး သူနဲ့အတူပါလာတဲ့ စက်ဘီး ၁ စီးနဲ့ ဖုန်း ၁ လုံးကိုသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
အခုဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားအပါအဝင် ၂၀၂၄ ခုနှစ်အတွင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ - CDF က ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၂ ဦးရှိပြီလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #စစ်ကောင်စီတပ်သား #ထွက်ပြေး #ဖမ်းမိ
Share Share Share