ပုလဲမြို့ ထွေအုပ်ရုံးမှာ တပ်စွဲနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဂိတ်နဲ့ ပတ်ကင်းကို မတ်လ ၁၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ကာကွယ်ရေးအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သခင်ဒေါင်းညိုတပ်ဖွဲ့ ဆီက သိရပါတယ်။

ကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားနည်းနဲ့ ဝင်ရောက်ပစ်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ရဲတဦး ကျည်ထိမှန်ကာ ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ တပ်တွင်း သတင်းပေးချက်အရ သိရပြီး ကာကွယ်ရေးအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့  သခင်ဒေါင်းညိုတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ ထွေအုပ်ရုံးထဲမှာ စစ်သားနဲ့ ရဲ အင်အားပေါင်း ၁၀၀ ကျော်က တပ်စွဲနေတာဖြစ်ပြီး ထွေအုပ်ရုံးရှေ့က  ဂိတ်ပစ်ခံရတာ ဒီအကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ရှိသွားပြီး၊ ရဲစခန်းကတော့ မကြာခဏ ပစ်ခံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း အင်မထီးရွာက ပျူစောထီးတွေကို သခင်ဒေါင်းညိုတပ်ဖွဲ့ က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10