ပုလဲမြို့ မြို့မရဲစခန်း ၈၀ မမ လက်နက်ကြီးနဲ့ အချက် ၂၀ ပစ်ခတ်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ နယ်က မြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနေ့ကမနက်ပိုင်းမှာ ၈၀ မမ လက်နက်ကြီးနဲ့ မီတာ ၂၀၀ အကွာက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် Black Leopard Army အဖွဲ့ဆီက သိရပါတယ်။ 

စစ်သားနဲ့ရဲ အင်အား ၂၀ လောက်ရှိတဲ့ ပုလဲမြို့မရဲစခန်းကို မနက် ၅ နာရီကနေ ၉ နာရီကျော်ထိ ၈၀ မမ ဗုံးသီး အလုံးရေ ၂၀ ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၆ လုံးကတော့ရဲစခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် Black Leopard Army ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။ 

ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီဘက်ကလည်း လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်ကြာအောင်ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကျားသစ်နက်တပ်မတော်ကရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ဇူလိုင် ၇ ရက်ကလည်း ပုလဲမြို့မရဲစခန်းနဲ့ စုပေါင်းရုံးတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ကာ ပုလဲမြို့ကို ၂ နာရီခန့် ထိန်းချုပ်ခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ရဲစခန်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10