ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံး ဝေဟင်က တိုက်ခိုက်ခံရလို့ ရုံးနဲ့ ကားတစီးမီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို လေယာဉ်ငယ်လေးတွေနဲ့ ဗုံးသီးချကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ဆက်‌ရုံးနဲ့ ကားတစီးမီးလောင်ခဲ့ပြီး ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။

မတ်လ ၁၃ ရက်နေ့ မနေ့က နေ့လည် ၁ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေရာ ၂ခုကို တချိန်ထဲ တိုက်ခိုက်ခဲ့ကာ လေယာဉ်ငယ်၂ စီး၊ ဗုံးသီး ၆ လုံးအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Salingyi Special Task Force-SSTF၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄-MSPDF၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့-001၊ အညာသားပျောက်ကြားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ CHUတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10