ပုလဲမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးဟုဆို

ပုလဲမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ စစ်စခန်းကနေ ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ သြဂုတ်လ ၁ ရက် မနေ့ မနက် ၉ နာရီလောက်မှာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ Myanmar's Royal Dragon Army - MRDA အဖွဲ့ဆီက သိရပါတယ်။

အင်အား ၈၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးဘက်က ရှေ့ပြေးကင်းအဖွဲ့တို့  ရွာသစ်ကျေးရွာအရှေ့ဘက် ရွာသစ်တိုဘုရာအနီးမှာ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်ချိန် မိနစ် ၂၀ လောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ရဲဘော်တွေက အလစ်အငိုက်တိုက်တာ၊ 79 ဗဒိန် (လက်လုပ်) လက်နက်ကြီးနဲ့ ထုတာ၊ ခန့်မှန်းခြေက ** ၄ ကောင်သေတယ်၊ ၁၀ ကောင်လောက်ဒဏ်ရာရတယ်၊ သူတို့ချက်ချင်းပဲ အနောက်ကို ပြန်ဆုတ်သွားတယ်” လို့ Myanmar's Royal Dragon Army - MRDA ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးဇော်က ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကို ဒေသခံတဦးရဲ့ပြန်လည်ပြောပြချက်အရ  အတည်ပြုနိုင်ခဲ့တာလို့ ကိုနွေးဦးဇော်က ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ခမရ ၇၀၉ ကဖြစ်ပြီး ကန့်ဒေါင့်ကျေးရွာမှာ တပ်စွဲနေကြတာလို့လည်း သိရပါတယ်။  

ဇူလိုင် ၃၀ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်ရွာမှာတပ်စွဲထားတဲ့ စစ်သားတွေကို MRDA အဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ကန့်ဒေါင့် #စစ်ကောင်စီ #MRDA #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10