ပုလဲမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို

ပုလဲမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ဇူလိုင်၂၈ ရက် မနက် ၈နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ဦး သေဆုံးခဲ့တယ်လို့ M7 People Defence Forceက ပြောပါတယ်။

ပုလဲမြို့၊ လှော်ကားရွာကနေ ထွက်ခွာလာတဲ့  အင်အား ၈၀ကျော်ပါတဲ့ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို ပုလဲမြို့အနောက်တောင်ဘက် နွယ်ရှောက်ကျေးရွာအနီးမှာ အသင့်ထောင်ထားတဲ့ မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ကြောင်းမှာ ရှေ့ပြေး၄ကောင်ကို ဆွဲလိုက်တာ။ နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ သေတဲ့ကောင်တွေကိုတော့ ထမ်းစင်နဲ့ သယ်သွားကြတယ်" M7 People Defence Forceမှ ဒုတပ်ရင်းမှူး ဗိုလ်မြတ်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းကို အသင့်ထောင်ထားတဲ့ နောက်ထပ်မိုင်း ၂ လုံးခွဲ တိုက်ခိုက်ဖို့လုပ်ဆောင်နေချိန် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့်  ပြန်လည်ဆုတ်ခွာလာခဲ့ကာ ကာကွယ်ရေးရဲဘော်တွေဘက်က အထိခိုက်မရှိဘူးလို့ ဗိုလ်မြတ်က ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ M7 People Defence Forceနဲ့ ပုလဲတိုက်နယ် ၇ အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ၂၉ရက်မှာလည်း ပုလဲမြို့မရဲစခန်းကနေ မြို့ကိုကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော်ကို M7 People Defence Forceနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #ပုလဲ #စစ်ကောင်စီတပ် #မိုင်းဆွဲတိုက်ခိုက် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10