ပုလဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းနဲ့ သစ်တောရုံးကို လက်နက်ကြီးနဲ့ပစ်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ အင်အား ၃၀၀ နဲ့တပ်စွဲထားတဲ့ ရဲစခန်းနဲ့ သစ်တောရုံးတို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မဲမှောင်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနက် ၈နာရီခွဲမှာ ၆၀၊ ၈၀၊ ၁၂၀ မမလက်နက်ကြီး စုစုပေါင်း အလုံး ၅၀လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မဲမှောင်ပြောက်ကျားတပ်ဖွဲ့ ဒုခေါင်းဆောင် ဗိုလ်နေမင်းက ပြောပါတယ်။

တိုက်ခိုက်နေစဥ်အတွင်း မုံရွာ နမခက လက်နက်ခဲယမ်းပို့ဖို့လာတဲ့ Mi-17 ရဟတ်ယာဥ်ရောက်လာခဲ့ပေမယ့် ရဲစခန်းကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေခဲ့လို့ မချဘဲပြန်သွားတယ်လို့ ဆိုပါတယ်။

ပုလဲမြို့ပေါ်မှာ စစ်ကောင်စီက ဌာနဆိုင်ရာနေရာ ၅ ခုလောက်မှာ တပ်စွဲထားပြီး စုစုပေါင်း အင်အား ၃၀၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက ရဲစခန်းထဲကိုကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ပျက်စီတဲ့ သေဆုံးအခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မဲမှောင်ပြောက်ကျားတပ်ဖွဲ့နဲ့ ယင်းမာပင်-ဆားလင်းကြီး မဟာမိတ်တပ်ပေါင်းစုတို့က အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ ဗိုလ်နေမင်းက ပြောပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #ပုလဲသတင်း #တိုက်ပွဲ #လက်နက်ကြီး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10