ပုလဲမှာ စစ်ဗိုလ်တဦးကို ယင်းမာပင်ခရိုင်တပ်ရင်းက ဖမ်းဆီး

ပုလဲမှာ စစ်ဗိုလ်တဦးကို ယင်းမာပင်ခရိုင်တပ်ရင်းက ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကနေ အရက်သောက်ပြီးထွက်လာတဲ့ စစ်ကောင်စီဗိုလ်ကြီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၁၉ ဆီက သိရပါတယ်။

မတ် ၂၇ ရက် မနက် ၁၁ နာရီခွဲခန့်မှာ ရဲစခန်းကနေ အရပ်ဝတ်၊ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ကပစတပ်က ဗိုလ်ကြီး ဟိန်းရဲထက်ကို ရဲစခန်းရဲ့အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာမှာ ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

"သူတို့ရဲစခန်းကို စောင့်ကြည့်နေတာ ကျနော်တို့အဖွဲ့တွေက။ မနေ့မနက်ပိုင်းက သူလည်း နည်းနည်းမူးနေပြီး ဆိုင်ကယ်နဲ့ထွက်လာတာတွေ့တော့ ဖမ်းလိုက်တာ"လို့ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၁၉  တပ်ရင်းမှူး ဗိုလ်ပုလဲက ပြောပါတယ်။

စစ်ကောင်စီဗိုလ်ကြီးကို ဖမ်းဆီးရမိချိန် ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံးနဲ့ဆက်သွယ်ရေးစက် ၁ လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီအရာရှိဟာ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တာဝန်ကျလာတာမှာ ၃ လခန့်သာရှိသေးပြီး စခန်းကနေ အနီးဝန််းကျင်ရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာနဲ့ ရွာသားတွေထံက ရိက္ခာတောင်းယူရာမှာ ဦးဆောင်ပါဝင်ခဲ့သူလို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီဗိုလ်ကြီးကိုတော့ NUG၊ MOD လမ်းညွှန်ချက်အရ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မတ် ၁၃ ရက် နေ့လယ် ၁ နာရီခန့်ကလည်း ကန့်ဒေါင့်နယ်မြေရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီလှည့်ကင်းကားကို ရဲစခန်းအနီး တစ်မိုင်ကျော်ခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ပုလဲ #ဗိုလ်ကြီး #ဖမ်းဆီး #စစ်ဗိုလ် #ယင်းမာပင်ခရိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10