ပုလဲမှာ နှမ်းခင်းထွက်ရိတ်တဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို PDF က ပစ်ခတ်တိုက်ခိုက်

ပုလဲမှာ နှမ်းခင်းထွက်ရိတ်တဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို PDF က ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး(ပျူစောထီး)ရွာမှာ နှမ်းခင်းတွေကို ရိတ်သိမ်းနေကြတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဇူလိုင် ၃၀ ရက်နေ့လယ် ၂ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ M7 People Defence Forceက ပြောပါတယ်။

အဲ့ဒီပျူစောထီးရွာထဲကို စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရောက်ရှိနေချိန် ရွာပြင်က နှမ်းခင်းမှာ နှမ်းထွက်ရိတ်ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို Rocket တွေ၊ ၁၂၀ မမတွေနဲ့  ၂ နာရီကြာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ ကင်းထောက်ဒရုန်းနဲ့ ကြည့်တဲ့အချိန် Rocket တွေ၊ ၁၂၀မမ တွေကျတဲ့နေရာမှာ ထိတာတွေတော့ရှိတယ်။ အတိအကျတော့ မသိဘူး။ ထိတဲ့ကောင်တွေကို ဆွဲခေါ်သွားတာတွေ မြင်ခဲ့ရတယ်။ ပျူတွေက စကစတွေ ရောက်မှ နှမ်းထွက်ရိတ်ရဲကြတာ" လို့ M7 People Defense Force မှ ဒုတပ်ရင်းမှူး ဗိုလ်မြတ်က ပြောပါတယ်။

တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က ၆၀ မမ ၃လုံးနဲ့ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် PDF တွေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ဇူလိုင် ၃၁ ရက် ဒီနေ့ မနက်မှာတော့ ပျူရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ ၂ မိုင်ခန့်ဝေးတဲ့ ကန့်ဒေါင့်ရဲစခန်းကိုဝင် ရောက်သွားခဲ့ကြတယ်လို့ ဗိုလ်မြတ်ကဆက် ပြောပါ တယ်။

ဒီတိုက်ခိုက်မှုကို M7 People Defence Force၊ M P L၊ ပုလဲ တိုက်နယ် 7၊ ဗမာ့ဒေါင်း အဖွဲ့တို့က ပူပေါင်းလုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိကန့်ဒေါင့်ရဲစခန်းကို ဝင်ရောက်နေကြတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက်မှာ ပုလဲမြို့ပေါ်ကနေ အင်မထီး(ပျူစောထီး)ကျေးရွာကို ထွက်ခွာလာချိန် နွယ်ရှောက်ကျေးရွာအနီးအရောက်မှာ M7 PDFနဲ့ ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦးသေဆုံးခဲ့တယ်လို့ မြေလတ်အသံကို ပြောခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #အင်မထီရွာ #နှမ်းခင်း #ပျူစောထီး #ပစ်ခတ်တိုက်ခိုက် M7PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10