ပုလဲမှာ ပြည်သူ ၃ ဦးကို ခေါင်းဖြတ်သတ်သွားတဲ့ ကျားဘီလူးစစ်ကြောင်း မိုင်းဆွဲခံရ

ပုလဲမှာ ပြည်သူ ၃ ဦးကို ခေါင်းဖြတ်သတ်သွားတဲ့ ကျားဘီလူးစစ်ကြောင်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အဝင်ကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၃၀ ရက် မနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်းဆီက သိရပါတယ်။ 

အဆိုပါစစ်ကြောင်းကို မနေ့ကမနက် ၁၀ နာရီ ၅၀ လောက်မှာ ပဒေသာမိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ 

"စစ်ကြောင်းထိုးဖို့ တန်းစီပြီး၀င်လာချိန် မြို့အ၀င်နားမှာပဲ စောင့်ပြီးတော့ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေများတယ်။ သေနိုင်တယ်" လို့ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်းတပ်မတော်ရဲ့ တာ၀န်ခံ ဗိုလ်စွမ်းသူမောင်က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မိနစ် ၂၀ ကြာ ပြန်လည်ပစ်ခတ်တဲ့အတွက် ကာကွယ်ရေးရဲဘော်တွေ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က ပုလဲမြို့နယ်၊ ညောင်ကုန်းရွာကို စစ်ကြောင်းထိုး၀င်ရောက်ပြီး ပြည်သူ ၃ ဦးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #မိုင်းဆွဲ #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10