ပုသိမ်-မုံရွာလမ်းမှာ စျေးကား လမ်းဘေးထိုးကျလို့ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

ပုသိမ်-မုံရွာလမ်းမှာ စျေးကား လမ်းဘေးထိုးကျလို့ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကျေးရွာအုပ်စု၊ ရှမ်းမြောင်ရွာထိပ် ပုသိမ် - မုံရွာကားလမ်းမ မိုင်တိုင်အမှတ် ၁၂၄/၆ နဲ့ ၁၂၄/၇ကြားမှာ စျေးဝယ်ယာဥ်လမ်းဘေးထိုးကျလို့ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနေ့ညနေ ၅ နာရီခန့်မှာ ဥသျှစ်ပင်ဘက်မှ ပုသိမ်ဘက်ကို ယာဥ်မောင်း ဇော်လင်းထွန်း မောင်းနှင်လာတဲ့ HYUNDAI PORTER || အမျိုးအစား အပြာရောင် စျေးဝယ်ယာဥ်ဟာ ကုန်ပစ္စည်းနဲ့လူတွေတင်ဆောင်ပြီး မောင်းနှင်လာချိန် ဖြစ်စဉ်နေရာအရောက်မှာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

" ဥသျှစ်ပင်ကနေစျေးဝယ်ပြီး အပြန်မှာဖြစ်တာ။ မျက်နှာဆိုင်ကလာတဲ့ကားကို ရှောင်လိုက်ရာကနေ လမ်းဘေး လျှိုထဲထိုးကျသွားတာ။ လမ်းဘေးထိုးကျတော့ ဘေးမှာရပ်ထားတဲ့လှည်းကိုပါဝင်တိုက်တာ။ လှည်းမှာတော့ လူမရှိဘူး"လို့ ပန်းတောင်းနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် စျေးဝယ်ယာဥ်ပေါ်ပါ အသက် ၃၀ ဝန်းကျင်ခန့်ရှိ ကိုဇော်မင်းထွန်း နေရာမှာပဲ သေဆုံးသွားပြီး နေလင်းအောင်၊ အောင်ကိုမောင်၊  ဦးရဲသူ၊ မခိုင်ဇင်မွန်၊ မမြူမှုန်ရှင်းသန့်တို့ ၅ ဦးမှာ ဒဏ်ရာတွေရသွားကာ သေဆုံး၊ဒဏ်ရာရသူတွေဟာ ပန်းတောင်းမြို့နယ် ကျေးရွာတွေဘက်ကဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက ဥသျှစ်ပင်တိုက်နယ်ဆေးရုံကို တင်ပို့ထားပေးကာ ယာဥ်မောင်းဖြစ်သူ ကိုဇော်လင်းထွန်းကို ဥသျှစ်ပင်ရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #ပန်းတောင်း #စျေးဝယ်ယာဉ် #တိမ်းမှောက် #ပုသိမ်-မုံရွာလမ်း #လူသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10