ပေါက်ကပျူစောထီးတဦး ကင်းကျနေချိန် လက်နက်ခဲယမ်းတွေယူပြီး အလင်းဝင်လာ

ပေါက်ကပျူစောထီးတဦး ကင်းကျနေချိန် လက်နက်ခဲယမ်းတွေယူပြီး အလင်းဝင်လာ

 မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဇီးပြား‌ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ၁ ဦးဟာ အောက်တိုဘာ ၄ ရက် ဒီမနက် ၈ နာရီလောက်မှာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။ 

ဇီးပြားရွာက ပျူစောထီးအဖွဲ့ဝင် အသက် ၁၇ နှစ်အရွယ် ရဲမြတ်စိုးဟာ မြိုင်ပကဖအဖွဲ့ဝင်တွေကို ကြိုတင်ချိတ်ဆက်ထားပြီး သူကင်းစောင့်ရချိန် ဒီမနက်ပိုင်းမှာ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။ 

“အခုအခွင့်သာလို့ သေနတ်ပါယူလာပြီး ပြေးလာတာ၊ သူကင်းကျတဲ့အချိန် သေနတ်ယူပြီးထွက်လာခဲ့တာ၊ သူတို့ကို ကင်းစောင့်တဲ့အချိန် (သေနတ်)ပေးထားတာ၊” လို့ မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။  

ရဲမြတ်စိုးနဲ့အတူ အလင်းဝင်လာချိန်မှာ M4 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၆၃ တောင့်၊ ကာဘိုင်ကျည် ၄ တောင့်၊ လက်ပစ်ဗုံး ၂ လုံး ၊ ၆၀ မမ ဗုံးသီး ၁ လုံးနဲ့ ဖုန်း ၁ လုံး တို့ကိုယူလာခဲ့တယ်လို့ ဆိုပါတယ်။ 

ဇီးပြားရွာမှာ လက်ရှိစစ်သား၊ ရဲနဲ့ပျူစောထီး ၆၀ ကျော်လောက်ရှိနေပြီး ရွာထဲမှာ ရိက္ခာလည်းပြတ်နေတာကြောင့် စစ်ကောင်စီဘက်က Y12 လေယာဥ်နဲ့ ရိက္ခာပို့နေရတာတွေရှိတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီရွာကနေ နောက်ထပ်အလင်းဝင်ချင်တဲ့ ပျူစောထီးတွေလည်းရှိနေပြီး အခွင့်မသာသေးတဲ့အတွက် ဝင်မလာကြသေးတာလို့  ရဲမြတ်စိုးရဲ့ပြောပြချက်ကို ဗိုလ်လက်ယာက ပြောပါတယ်။ 

ဒါ့အပြင် ဇီးပြားရွာကနေ မြိုင်ပကဖဆီ အလင်းဝင်လာသူ စုစုပေါင်း ပျူစောထီး ၄၀ ဦး‌ရှိပြီလို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #ဇီးပြားရွာ #ပျူစောထီး #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10