ပေါက်ခေါင်းမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လုပ်မယ်ဆို ဒီလိုကိစ္စတွေကို ဦးစားပေးလုပ်ဆောင်ရလိမ့်မယ်

"ကိုယ့်နိုင်ငံကို ချစ်တဲ့ ကိုယ့်တိုင်းရင်းသားတွေကို ချစ်တဲ့ ပုဂ္ဂိုလ်မျိုးကို ရွေးချယ်ချင်ပါတယ်"

"ဆေးရုံဆေးခန်းလိုတယ်ပေါ့နော် ၊ အလယ်တန်းပြကျောင်းလိုတယ်ပေါ့ ၊ လျှပ်စစ်မီးတွေလိုတယ်ပေါ့ အဲ့ဟာမျိုးတွေလိုချင်တယ်ပေါ့ကွာ ၊ ရွာက ကြီးတယ်ကွ"

"နံပါတ်တစ် အနေနဲ့ လမ်းပန်းဆက်သွယ်ရေး ၊ နောက်တစ်ခုအနေနဲ့ ပညာရေး ဒါတွေကို တောင်းဆိုချင်ပါတယ်"

" မီးမလင်းသေးတဲ့ ရပ်ကွက်တွေ ထပ်ပြီးတော့ လင်းစေချင်သေးတယ် မီးမလင်းသေးတဲ့ ရွာတွေ အများကြီးကျန်သေးတယ်"

"ပါတီစွဲရယ်လို့ မဟုတ်ဘူး ကိုယ့်မြို့ပေါ် ကို အကောင်းဆုံးလုပ်ပေးနိုင်မဲ့သူ ၊ ကျေးရွာ ၊ ရပ်ကွက်တွေရော တိုးတက်အောင် လုပ်ပေးနိုင်မဲ့ သူကို မဲထည့်ချင်ပါတယ်"

အစရှိတဲ့ ပေါက်ခေါင်းမြို့နယ်က ပြည်သူတွေရဲ့ တောင်းဆိုသံတွေကို ဒီသတင်းမှာ ကြည်ရှုနိုင်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10