ပေါက်နယ်မှာ PDF စခန်းတခုကို စစ်အုပ်စုကဝင်စီးပြီး လူငယ်တဦးကိုသတ်ခဲ့

ပေါက်နယ်မှာ PDF စခန်းတခုကို စစ်အုပ်စုကဝင်စီးပြီး လူငယ်တဦးကိုသတ်ခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာအနီးရှိ PDF စခန်း ၁ ခုကို ပျူစောထီးနဲ့ စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်စီးနင်းပြီး စခန်းမှာရှိနေတဲ့ လူငယ် ၁ ဦးကိုသတ်သွားတယ်လို့ အဲ့ဒီစခန်းနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။ 

ဇူလိုင် ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်မှာ တပ်ကုန်းကျေးရွာဘက်ကနေလာတဲ့ ပျူစောထီးနဲ့ စစ်သားအင်အား ၅၀ ကျော်လောက်ဟာ ကိုင်းလယ်ရွာက PDF စခန်းတခုကို ဝင်စီးခဲ့တာလို့ ဆိုပါတယ်။

"စခန်းမှာကလည်း ကလေးတယောက်ပဲရှိနေတာ။ သူကလည်း စကစ စစ်ကြောင်းဝင်လာတာ မသိလိုက်ဘူး။ အဲ့ဒီမှာစစ်ကြောင်းက သူကိုဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး ပစ်သတ်သွားတာ"လို့ အဲ့ဒီစခန်းနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။ 

အသတ်ခံရသူဟာ အသက် ၂၀ ကိုင်းလယ်ရွာသားတဦးဖြစ်ပြီး ရင်ဘတ်နဲ့ ဦးခေါင်းမှာ ကျည်ထိဒဏ်ရာနဲ့ စခန်းအနီးမှာပဲ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူ လူငယ်ဟာ PDF အဖွဲ့ဝင်မဟုတ်ဘဲ စခန်းအတွင်း သွားလာနေထိုင် ကူညီပေးတတ်သူတဦးသာဖြစ်ပြီး စခန်းဝင်စီးခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့ PDF အဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

လူငယ်ကိုပစ်သတ်ပြီးနောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ရွာကနေပြန်ထွက်သွားပြီး ရွာကိုတော့ ဘာမှလုပ်မသွားဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။ 

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာလည်း ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာက စစ်ကောင်စီရဲစခန်းကို PDF ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ချိန် PDF တွေဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #ကိုင်းလယ်ကျေးရွာ #စစ်ကောင်စီ #PDF #စခန်းစီးနင်း #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10