သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ် သဖန်းချောင်းကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF ၃ ဖွဲ့ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်မြို့နယ်၊ သဖန်းချောင်းကျေးရွာက နေအိမ်တွေ ဝင်ရောက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့်အထိ ကြာခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်လို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ အင်အား ၁၂၀ ပါ စစ်သားတွေဟာ သဖန်းချောင်းကျေးရွာက နေအိမ်တွေဝင်ရောက် ဖျက်ဆီးပြီး ရွာကပြန်အထွက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ထိခိုက်သေဆုံး မှုတွေနဲ့ ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုမှုတွေအပေါ် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
တိုက်ခိုက်မှုကိုတော့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung ၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်း YRF နှင့် Pauk Revolution Force YRF တို့က ပူးပေါင်းခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာလည်း ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း လမ်းဆုံရှိ ယာကြီးပြင် စစ်ဆေး ရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေကို ဆပ်ကြေးကောက်နေတာကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Share Share Share