ပေါက်နယ် ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ ဖြစ်ခဲ့တဲ့ ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့အောက်တိုဘာ ၁၉ ရက်က ဇီးပြားကျေးရွာ မြောက်ဘက်မှာ ၁ ကြိမ်၊ ၂၀ ရက်မှာ ဇီးပြားကျေးရွာနဲ့ သရော်ကိုင်းရွာမြောက်ဘက်မှာ ၁ ကြိမ်၊ ၂၁ ရက်မှာ အိုင်းမရွာ ၂ မိုင်အကွာမှာ ၁ ကြိမ် ၊ ၂၂ ရက်မှာ အိုင်းမရွာအနောက်ဘက်မှာ ၁ ကြိမ်၊ ၂၃ ရက်မှာ အိုင်းမရွာမှာ ၁ ကြိမ်၊‌ ၂၄ ရက်မှာ ကျောက်တိုင်ခင်ရွာမှာ ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

၂၁ ရက်နဲ့ ၂၂ ရက် တိုက်ပွဲတွေမှာ ဒရုန်းဗုံးသီး အလုံးပေါင်း ၈၀ လောက်အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာ ၂၄ ရက် မနက် ၆ နာရီမှာတော့ မိုင်းပွိုင့်အထဲဝင်လာချိန် မိုင်းအကြီး ၂ လုံးခွဲတိုက်ခိုက်မှုမှာ သေဆုံးမှုအတည်မပြုနိုင်ပေမယ့် ထိခိုက်ဒဏ်ရာရသူ ၄ ဦးရှိတယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ၊ ပေါက် ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ တောင်ညိုနဂါး၊ နဂါးနီအဖွဲ့နဲ့ အခြားမဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီ ကား ၃ စီးနဲ့ ကျောက်တိုင်ခင်ရွာနဲ့ ဖလံကိုင်းရွာက စားနပ်ရိက္ခာတွေကိုတင်နေပြီး စစ်ကြောင်းဟာ ကျောက်တိုင်ခင်ကျေးရွာမှာ အခြေပြုနေသလို မြိုင်မှာလည်း ကမ္မဘက်က အင်အား ၈၀ နဲ့လာတဲ့စစ်ကြောင်း ရောက်နေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #မကွေးတိုင်း #ပခုက္ကူ #ပေါက်မြို့နယ် #ပကဖ #စစ်ကောင်စီ #ဒရုန်း #တိုက်ခိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10