ပေါက်နဲ့မြိုင်မှာ တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုံးတောရွာအရှေ့ဘက်မှာ အင်အား ၄၀ ဝန်းကျင်လောက်နဲ့ စစ်ဆေးရေးလုပ်နေတဲ့ဂိတ်နဲ့ မြိုင်မြို့၊ ကန်နီရွာကစစ်အုပ်စုကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက နှစ်ဖွဲ့ခွဲကာ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင်လ ၂၄ ရက်ညနေ ၄ နာရီလောက်မှာ ပေါက်မြို့၊ အုံးတောရွာအရှေ့ဘက် စစ်ဆေးရေးဂိတ်က စစ်သားနဲ့ပျူစောထီးတွေကို အနီးကပ်တကြိမ် ၁၂ မိနစ်အကြာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ဗိုလ်လက်ယာက ပြောပါတယ်။

အုံးတောရွာကိုတိုက်ခိုက်ပြီး အဲဒီနေ့ ညနေ ၅ နာရီ ၂၀ မိနစ်ဝန်းကျင်လောက်မှာပဲ မြိုင်မြို့ ကန်နီပျူရွာမှာ စစ်သားနဲ့ ပျူအင်အား ၆၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သား ၁ ဦီး သေဆုံးတယ်လို့ ဆိုပါတယ်။

"ပေါက်မြို့ အုံးတောရွာအရှေ့ဘက် စစ်ဆေးရေးဂိတ်မှာ စစ်** အကောင် ၃၀ နဲ့ ပျူ ၁၀ ကောင်ကျော်လောက်က စစ်ဆေးနေတာ။ ဂိတ်ထဲကနေ ၇ ယောက်ထွက်လိုက် ၅ ယောက်ထွက်လိုက် စစ်ဆေးနေတာကို ကျနော်တို့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ စစ်** ၄ ကောင်သေပြီး ၁ ကောင်ဒဏ်ရာရတယ်။ ပြီးတော့ ညနေ ၅ နာရီ ၂၀ မိနစ်မှာ မြိုင်မြို့နယ်၊ ကန်နီပျူရွာက စစ်အုပ်စုကို ကျနော်တို့အဖွဲ့တွေက ချောင်းပြီးပစ်ခတ်ခဲ့တယ်။ အဲဒါကသိပ်မကြာဘူး ၇ မိနစ်လောက်ပဲကြာတယ်။ သူတို့ဘက်က ၁ ကောင်လဲကျသွားတယ်။ ညက အမိန့်ပြန်တယ်"လို့ ပြောပါတယ်။

ပေါက်မြို့နယ်၊ အုံးတောရွာအရှေ့ဘက်မှာ စစ်ဆေးရေးလုပ်နေတဲ့ဂိတ်က စစ်သားနဲ့ပျူစောထီးတွေကို မြိုင် ပကဖ တပ်ရင်း - ၁၊ ပေါက်ဗိုလ်သစ္ဆေအဖွဲ့၊ ပေါက်ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြိုင်မြို့နယ် ကန်နီပျူရွာက စစ်အုပ်စုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #မြိုင် #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #ပျူစောထီး #PDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10