ပေါက်မြို့နယ်တိုက်ပွဲမှာ PDF ၃ဦးနဲ့ ပျူ ၂ဦးသေပြီး ၂ဖက်ဒဏ်ရာရသူများရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ တပ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ ပျူ‌စောထီးတွေကို ရွာထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပျူစောထီး ၂ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့သလို အဲ့ဒီတိုက်ပွဲမှာ PDF ရဲဘော် ၃ ဦးလည်းသေဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်ဆီက သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်စွဲနေတဲ့ တပ်ကုန်းကျေးရွာကို ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မနက် ၆ နာရီကစပြီး ကာကွယ်ရေးတပ်ဖွဲ့ ၈ ဖွဲ့ပေါင်းကာ ရွာထဲအထိ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"အဲ့ဒီရွာမှာက ခလရ ၂၅၃ က စစ်သားနဲ့ ရဲတွေပါမျှထားတာ။ ပျူကောဆိုရင် အင်အား ၈၀ နဲ့ ၁၀၀ ဝန်းကျင်ရှိတယ်။ လက်နက်ငယ်တွေနဲ့ ရွာထဲအထိ ဝင်ပစ်နိုင်ခဲ့တာ။ ရဲဘော် ၃ ဦးသေပြီး ၄ ဦးဒဏ်ရာရခဲ့တယ်။ ၁ ဦးကတော့ အလောင်းမကောက်နိုင်ခဲ့ဘူး။" လို့  ဗိုလ်လက်ယာက ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ၊ Young Revolution Front ဗိုလ်နားပေါက်၊ ပေါက်တောင်ပိုင်း ပကဖ ဗိုလ်ကျီးကန်း၊ ပခုက္ကူ PPDF ၊ ချောက် ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၈၊ ပခုက္ကူ ပကဖ တပ်ခွဲ ၁၊ Chauk Guerrilla Force (C.G.F) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #တပ်ကုန်း #တိုက်ပွဲ #စစ်သား #ရဲ #ပျူ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10