ပေါက်မြို့နယ်ထဲက ကျေးရွာမှာ ဗကသဦးဆောင်ပြီး ရှစ်လေးလုံးအထိမ်းအမှတ် သပိတ်စစ်ကြောင်းထွက်

ပေါက်မြို့နယ်ထဲက ကျေးရွာမှာ ဗကသဦးဆောင်ပြီး ရှစ်လေးလုံးအထိမ်းအမှတ် သပိတ်စစ်ကြောင်းထွက်

မနေ့ကကျရောက်ခဲ့တဲ့ ၃၅ နှစ်ပြည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ရွာတရွာမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတခု ပြုလုပ်ခဲ့ကြပါတယ်။

ဩဂုတ် ၈ ရက် မ‌နေ့က မနက် ၇ နာရီက ဗကသများအဖွဲ့ချုပ်ရဲ့ ခွပ်ဒေါင်းအလံတော်ကို ကိုင်စွဲကာ ရွာအတွင်း သပိတ်စစ်ကြောင်း လှည့်လည်ခဲ့ပြီး လူထုကိုလည်း ၃၅ နှစ်ပြည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ်အကြောင်း ဟောပြောတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ သပိတ်စစ်ကြောင်း မစမီတွင် သပိတ်အတွင်းရှိ ကျောင်းသားပြည်သူများက ကျဆုံးခဲ့တဲ့ ကျောင်းသားပြည်သူအာဇာနည်တွေကို အောက်မေ့တမ်းတသတဲ့အနေနဲ့ အလေးပြု ငြိမ်သက်ကာ စစ်အာရှင်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

သတင် - သူရအောင်၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#၈၈၈၈ #မကွေးတိုင်း #ပေါက်မြို့နယ် #ဗကသ #သပိတ်စစ်ကြောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10