ပေါက်မြို့နယ်မှာ 7 July အခမ်းအနားကို ဗကသများအဖွဲ့ချုပ်က ကျင်းပ

ပေါက်မြို့နယ်မှာ 7 July အခမ်းအနားကို ဗကသများအဖွဲ့ချုပ်က ကျင်းပ

မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာတရွာမှာ 7 July ၆၁ နှစ်ပြည့် အောက်မေ့ဖွယ်ရာအခမ်းအနားကို ယနေ့ ဇူလိုင်လ နံနက် ၈ နာရီမှာ ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ထံက သိရပါတယ်။

 

အခမ်းအနားမှာ ဗမာနိုင်ငံလုံးဆိုင်ရာ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ အဖွဲ့ဝင်ဖြစ်တဲ့ ကိုကောင်းစည်ဟိန်းက စစ်အာဏာရှင်စနစ်ရဲ့ လုပ်ရပ်ဆိုးတွေကို မျိုးဆက်သစ်ကျောင်းသားပြည်သူတွေ သိရှိဖို့နဲ့ အဲ့ဒီလုပ်ရပ်တွေကို လုံးဝ(လုံးဝ) မမေ့သင့်တဲ့အကြောင်း ကျောင်းသားပြည်သူတွေကို ဟောပြောတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

 

 

" စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျ‌နော်တို့တတွေ (ဗကသများအဖွဲ့ချုပ်)အနေနဲ့ ဒီလိုလှုပ်ရှားမှုတွေကို ပိုပြီးလုပ်ဖို့လိုလာတယ်လို့ မြင်ပါတယ်။ ဒါဟာ လူထုကို အတိတ်သမိုင်းနဲ့ ပြန်ပြီးလှုံ့ဆော်တဲ့နည်းလို့ ခံယူထားတယ်။ ဒါ့ကြောင့်စစ်အာဏာသိမ်းပြီးနောက်ပိုင်း လှုပ်ရှားမှုတွေမှာ သေးငယ်တဲ့လှုပ်ရှားမှုဖြစ်ပါစေ (စာရွက်ကပ်၊ ပိုစတာကပ်လှုပ်ရှားမှု) ကျနော်တို့ပိုလုပ်ခဲ့ကြတယ်။" လို့ သူကဆက်ပြောပါတယ်။

 

ဆက်လက်ပြီး "ခုလို တော်လှန်စစ်အခြေအနေတခု ရောက်လာတဲ့အခါမှာ လူထုကိုပါ၀င်လာအောင် အဦးဆုံးလှုံ့ဆော်ပြီး ကျနော်တို့ကျောင်းသားတွေနဲ့ ပေါင်းစပ်လာအောင် စည်းရုံးရပါတယ်။ လူထုပါ၀င်နိုင်တဲ့ အခမ်းအနားတွေ ဖြစ်လာတော့ ပြောခဲ့တဲ့ ကျနော်တို့ရဲ့ရည်ရွယ်ချက်ပိုပြီး ပေါက်မြောက်တာပေါ့။" လို့ ‌ကိုကောင်းစည်ဟိန်းက ပြောပါတယ်။ 

 

 

အခမ်းအနားကို ကျောင်းသားလူငယ်နဲ့ ပြည်သူ(၂၀၀)နီးပါး တက်ရောက်ခဲ့ပြီး ဆဲဗင်းဂျူလိုင် နဲ့ ပတ်သက်တဲ့ ဓါတ်ပုံမှတ်တမ်း၊ လက်ကမ်းစာရွက်တွေကိုလည်း ပိုစတာမှာကပ်ပြသခဲ့ပါတယ်။

 

အခမ်းအနားကိုတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့လိုကြောင်းနဲ့ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်ရင်း အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #7July #၆၁နှစ်ပြည့် #ကျဆုံးကျောင်းသားရဲဘော် #အောက်မေ့ဖွယ် #အခမ်းအနာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10