ပေါက်မြို့နယ် တောတွင်းတနေရာက ပန်းသပိတ် (photo news)

ပေါက်မြို့နယ် တောတွင်းတနေရာက ပန်းသပိတ် (photo news)

ယနေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့အဖြစ် ပန်းသပိတ်လှုပ်ရှားမှုကို မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် တောတွင်းတနေရာမှာ ဒေသခံတွေက ပြုလုပ်ခဲ့ကြတယ်လို့ လှုပ်ရှားမှုပြုလုပ်သူတွေဆီက သိရပါတယ်။

လှုပ်ရှားမှုမှာ "အရေးတော်ပုံအောင်နေပြီ၊ အားမငယ်နဲ့မိငယ်ရေ" စတဲ့ စာသားပါ ပိုစတာတွေကို ကိုင်ဆောင်ပြီး ဓါတ်ပုံရိုက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ယနေ့ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံ မြို့အများအပြားက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက ပန်းသပိတ်တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။


#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #ပေါက် #ပန်းသပိတ် #လူထုလှုပ်ရှားမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10