သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့အဝင်မှာရှိတဲ့ အိမ်တွင်းမှုစစ်ဆေးရေးဂိတ်ကို ဇူလိုင် ၁၆ ရက် ည ၇ နာရီကျော်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ နေထိုင်တဲ့ ယာယီတဲတွေကို မီးရှို့နိုင်ခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ပခုက္ကူ-ပေါက်လမ်းပိုင်းပေါ်ရှိ အဲ့ဒီမြို့အဝင်စစ်တပ်ဂိတ်မှာ စစ်အင်အား ၁၀ ဦးကျော်ရှိပြီး PDF ပူးပေါင်း ၇ ဖွဲ့က တပ်စိတ် ၃ စိတ်ခွဲကာ မီတာ ၂၀၀ အကွာမှ ၄၀ မမအပါအဝင် လက်နက်ငယ်တွေနဲ့ ၁ နာရီကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
" တိုက်ခိုက်နေချိန်မှာ ကျနော်တို့ နောက်ဘက်မှာရှိတဲ့ စကစစခန်းတွေကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ။ ကျနော်တို့က ကြားထဲရောက်နေတဲ့အချိန် ကျည်လည်းမလုံမလောက်ဖြစ်တော့ ဂိတ်ကိုမသိမ်းနိုင်ခဲ့ဘဲ စကစအိမ်တွေကို မီးရှို့ပြီးဆုတ်လာခဲ့ရတာ။ တဲ ၄ လုံးလောက် မီးလောင်သွားတယ်" လို့ ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့(P.U.G.F)မှ ရဲဘော် Killer က မြေလတ်အသံကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အဆိုပါစစ်တပ်ဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနဲ့ အောက်ခြေစစ်သား ၃ ဦး သေဆုံးတယ်လို့ ဒေသသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး PDF တွေဘက်က မြေလတ်အသံကို ပြောပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။
တိုက်ခိုက်နေချိန်အတွင်း ဂိတ်ဘန်ကာထဲက စက်လတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို မြို့တွင်းရှိ စစ်ကောင်စီစခန်းတွေကလည်း လက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ပေမယ့် PDF ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (P.U.G.F)ရဲ့ ညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ Pauk Based On Revolution Force (ဗိုလ်တစ္ဆေအဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း ၁ ၊တပ်ခွဲ ၃၊ တပ်ခွဲ ၄၊ တပ်ခွဲ ၁၈၊ The Red Revolters (Pku) တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ၂၆ရက်မှာလည်း အဆိုပါအိမ်တွင်းမှုဂိတ်ကို Southern Pauk Guerrilla Force အဖွဲ့က တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - အိမ်တွင်းမှုဂိတ်အား တိုက်ခိုက်ရန်သွားချိန် စုဝေးနေကြသည့် PDFရဲဘော်များ။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#မကွေး #ပေါက် #စစ်တပ်ဂိတ် #တိုက်ခိုက်ခံရ #တိုက်ပွဲသတင်း #PDF
Share Share Share