ပေါက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းတနေရာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်သားနဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ Northern Pauk Revolution Front-NPRF အဖွဲ့ဆီက သိရပါတယ်။ 

ဇွန် ၁၅ ရက် နေ့လယ် ၁ နာရီလောက်မှာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၈ က စစ်သားနဲ့ ရွှေဘုံသာကျေးရွာက ပျူစောထီးတွေပါဝင်တဲ့ အင်အား ၁၅၀ ခန့်ရှိတဲ့စစ်ကြောင်းဟာ ပေါက်မြို့နယ်မြောက်ပိုင်း  တောထဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ ခလရ ၂၅၈ က စစ်သားတွေပါ။ ရွှေဘုံသာကျေးရွာမှာ တထောက်နားတယ်။ ရွှေဘုံသာကျေးရွာက ပျူစောထီးတွေနဲ့အတူ ပေါက်မြောက်ပိုင်းကို ထွက်လာကြတာ၊ ပေါက်မြို့နယ်မြောက်ပိုင်း တောထဲမှာဖြစ်တာ။ တဖက်နဲ့တဖက် မီတာ ၅၀ လောက်ပဲဝေးတယ်။ ပစ်ခတ်တိုက်ခိုက်ချိန်က ၁ နာရီခွဲလောက် ကြာတယ်။ ၂ ဦးကတော့ သေဆုံးတာ မျက်မြင်ကိုယ်တွေ့မြင်ခဲ့တယ်။ ဒဏ်ရာရတာက ၃ ဦးလောက်ရှိတယ်။ ရဲဘော် ၂ ဦးကတော့ ဖိုတီးစမှန်တာ၊ မစိုးရိမ်ရပါဘူး။"လို့Northern Pauk Revolution Front-NPRF တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ အဲဒီစစ်ကြောင်းဟာ ဇီးပြားကျေးရွာကို ဝင်သွားတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Northern Pauk Revolution Front-NPRF နဲ့ မြိုင်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပေါက် #ပျူစောထီး #စစ်တပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10