ပေါက်မှာ စစ်ကောင်စီယာဉ်တန်းနဲ့ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာက ထွက်လာတဲ့စစ်ကြောင်းကို လာကြိုတဲ့စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရွာကထွက်လာတဲ့ နောက်ချန်စစ်သားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

ယာကြီးပြင်ကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ လောက်ကိုလာကြိုတဲ့ စစ်ကား ၅ စီးကို အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီခွဲခန့် အင်းတောတောင်ရွာ အထွက်အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဒါအပြင် အဲဒီနေ့ နေ့လယ် ၂ နာရီခွဲခန့်မှာလည်း ယာကြီးပြင်ရွာမှာ နောက်ချန်နေခဲ့တဲ့ ခြေလျင်စစ်ကြောင်းပြန်အထွက် အိုင်ကိုင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုတွေကိုတော့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့  ဗိုလ်တစ္ဆေ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကနေ ၈ ရက်နေ့အထိ ပခုက္ကူကထွက်လာတဲ့ စစ်ယာဉ်တန်းကို ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းမှာ  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မိုင်းဆွဲတိုက်ခိုက်မှု #စစ်ကောင်စီစစ်ကြောင်း #ခြေလျင်တပ် #ပကဖ #မကွေးတိုင်း #ပေါက် #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10