ပေါက်မှာ စစ်ကောင်စီရိက္ခာကားတွေ တိုက်ခိုက်ခံရ

ပေါက်မှာ စစ်ကောင်စီရိက္ခာကားတွေ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာရဲစခန်းအနီးရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁ ရက် မနေ့ မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီရိက္ခာကားတွေနဲ့ ခြေလျင်စစ်ကြောင်း တို့ကို ရေပြာရဲစခန်းအနီးမှာ နားနေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“၃ ယောက်သေတယ်၊ ထိခိုက်ဒဏ်ရာရတာ များတယ်” လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဗိုလ်လက်ယာက ပြောပါတယ်။ 

ဒီသေဆုံးမှုကို ဒေသခံတွေရဲ့ ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့ပြီး အောက်တိုဘာ ၂ ရက် ဒီမနက်ပိုင်းမှာလည်း တိုက်ခိုက်ခဲ့သည့်နေရာကို နယ်မြေရှင်းလင်းရေးသွားချိန် သွေးကွက်တွေ တွေ့ခဲ့ရတယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပေါက်မြို့နယ် YRF ဗိုလ်နားပေါက်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်နေတဲ့ ခလရ ၂၅၃ က စစ်သားတွေကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #ရေပြာရဲစခန်း #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10