သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်တွေက ဇူလိူင် ၂၉ ရက် ဒီနေ့မက်ပိုင်းကစလို့ လေယာဥ် ၂စီးနဲ့ ဝဲပျံကာ မြေပြင်ကလည်း တပ်အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောတယ်။
ဒေသခံကျေးရွာတွေကိုလည်း ရဟတ်ယာဥ်တွေ ပျံသန်းခဲ့တာကြောင့် ရွာသားတွေလည်း ကြောက်ရွှံ ပုန်းရှောင်ကြတယ်လို့ ဆိုပါတယ်။
"မနက်ကလေယာဥ် ၂ စီးပေါ်မှာ စစ်သားတွေက လက်နက်တွေကို မြေပြင်ကို ချိန်ပြီး ဝဲနေတယ် တော်တော်ကြာတယ် ရွာတွေဖက်ကလည်း ကြောက်လို့ ရှောင်နေကြတာ အခုတော့ လေယာဥ်ပျံတာမျိုး မရှိတော့ဘူး "လို့ မျက်မြင်တွေခဲ့ရတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ယာဥ်တန်းတွေနဲ့ တောင်ပေါ်ဒေသဘက်ကို စစ်ကူပို့နေတာလို့ ဆိုပါတယ်။
"ရဲကားတွေ စစ်ကားတွေလည်းပါတယ် စစ်သား ၆ ယောက်ကလည်း ဆိုင်ကယ် ၃ စီးနဲ့ စစ်ရောင် DCကားပေါ်မှာလည်း စစ်သားအပြည့်နဲ့ အင်အား စုစုပေါင်း ၃၀ လောက်တော့ရှိမယ် တောင်ပေါ်ဒေသဘက်ကို ဝါယာလက်စက်တွေရောပါသွားတယ် ညကတည်းက စစ်ကားက ၆ စီးလောက်တက်နေတာ "လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးကာ တောနင်းတာမျိုး မပြုလုပ်သေးပဲ အင်အားဖြည့်တင်းနေပြီး ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။
ပေါင်းတည် PPDFရဲ့ လက်ချက်နဲ့ ဇူလိူင် ၂၈ ရက်မနေ့က စစ်ကောင်စီဘက်က သိမ်ကုန်းကျေးရွာ တာဝါတိုင်စောင့် အရာရှိတဦးအပါ စစ်သား ၄ ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် အခုလို လေယာဥ်နဲ့ ဝဲပျံ ခြိမ်းခြောက်ကာ အင်အားဖြည့်တင်း နေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#မြေလတ်အသံ
Share Share Share