ပေါင်းတည်ဒေသက ပြည်သူတွေ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်မျိုးကို လိုအပ်လဲ

ပေါင်းတည်မြို့လေးဟာ သာယာဝတီခရိုင်အဆုံး၊ ပြည်ခရိုင်အစ၊ ရန်ကုန်-ပြည် ကားလမ်းနဲ့ မီးရထားလမ်းပေါ်မှာ တည်ရှိတဲ့ ပြည်ခရိုင်ထဲက မြို့လေးဖြစ်ပါတယ်။

ပေါင်းတည်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၂၅၀ ခန့်ရှိပြီး လူဦးရေ ၁ သိန်း ၄ သောင်းနီးပါး နေထိုင်ကြပါတယ်။

ပြည်ခရိုင်အတွင်းမှာတော့ ဒုတိယအစည်းကားဆုံးမြို့လေးဖြစ်ပြီး မြို့ပေါ်မှာနေထိုင်သူ လူဦးရေ ၁ သောင်း ၈ နီးပါးရှိပါးပြီး ထင်ရှားကြော်ကြားတဲ့ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဇာတိမြို့လေးလည်းဖြစ်ပါတယ်။

စိုက်ပျိုးရေးကို အဓိကထားကာ မွေးမြူရေးလုပ်ငန်းတွေပါ အများစုလုပ်ကိုင်ပြီး၊ ကားလမ်း၊ ရထားလမ်းတွေ ဖြတ်သန်းရာ မြို့ဖြစ်တာကြောင့် အရောင်းအဝယ်ကောင်းပြီး ပေါင်းတည်မြို့နယ်၏ အဓိက ဆန်စပါးလုပ်ငန်းနဲ့ ရာသီပေါ် သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

ပေါင်းတည်မြို့မှာ နှစ်စဉ် ဗုဒ္ဓမြတ်စွယ်တော်ကို ဆင်းတွေနဲ့လှည့်လည် အပူဇော်ခံတဲ့ ဘုရားပွဲဟာလည်း ဒေသတွင်းအစည်းကားဆုံး ဘုရားပွဲတခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ၁၂ ပွဲ ဘုရားပွဲတော်တွေရဲ့ အစဆုံးပွဲဖြစ်လို့ တနိုင်ငံလုံးက ၁၂ ပွဲ ဈေးသည်တွေ အားလုံးနီးပါးလာကြတဲ့အတွက် အထူးစည်ကားလှပါတယ်။

အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10