ပေါင်းနှုတ်နေတဲ့ရွာသားတွေအနီး လက်နက်ကြီးကျလို့ ကလေးငယ်တဦးနဲ့ ပြည်သူတဦး ထိမှန်ဒဏ်ရာရ

ပေါင်းနှုတ်နေတဲ့ရွာသားတွေအနီး လက်နက်ကြီးကျလို့ ကလေးငယ်တဦးနဲ့ ပြည်သူတဦး ထိမှန်ဒဏ်ရာရ

စစ်ကောင်စီတပ်သားတွေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ သမန်းကျင်းရွာအနီးမှာ ပေါင်းနှုတ်နေတဲ့ ကလေးတဦးနဲ့ ပြည်သူတဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၁ ရက် ဒီနေ့မနက် ၉ နာရီခွဲဝန်းကျင်က ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားမှာရှိတဲ့ စစ်ကောင်စီစခန်းကနေ ၆၀ မမ ၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာမှာ ခုလိုထိခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“သူတို့မှာက ၈၁ တို့ ၁၂၀ မမတို့တွေ ရှိကြတယ်၊ ခုပစ်တဲ့ထဲမှာတော့ ၆၀ မမတွေပဲ ပါတယ်၊ လက်နက်ကြီးက လယ်ကွင်းထဲကျပြီး စပါးပေါင်းနှုတ်နေတဲ့ ရွာသားတွေထိတာ"လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

လက်နက်ကြီးစထိမှန်လို့ တခြားကျေးရွာကနေ အလုပ်လာလုပ်တဲ့ မောင်ဖြိုးထက်ဦး အသက် ၁၃ နှစ်နဲ့ ကိုစိုးသူ အသက် ၃၅ နှစ်တို့  ၂ ဦး လက်မောင်းမှာ ဒဏ်ရာတချို့ရခဲ့ပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အဲ့ဒီ အုတ်ဖြတ်တံတားက စစ်ကောင်စီဂိတ်ဟာ ကျေးရွာတွေဘက်ကို နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပြီး ကာကွယ်ရေးအဖွဲ့တွေရဲ့ မကြာခဏတိုက်ခိုက်ခြင်းခံနေရတဲ့ နေရာတခုလည်းဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်ကလည်း စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ ရဲတပ်သား ထိန်လင်းဆိုသူ ဦးခေါင်းထိမှန် သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #သမန်းကျင်းရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံထိမှန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10