ပေ ၄၀ ခန့်နက်တဲ့ ရေတွင်းထဲပြုတ်ကျလို့ သံဃာတော်တပါး ပျံလွန်တော်မူ

ပေ ၄၀ ခန့်နက်တဲ့ ရေတွင်းထဲပြုတ်ကျလို့ သံဃာတော်တပါး ပျံလွန်တော်မူ

မန္တလေးတိုင်း၊ အမပူရမြို့နယ်မှာ သံဃာတော်တပါးဟာ ဇွန်လ ၂၉ ရက် ညနေ ၅ နာရီကျော်မှာ ပေ ၄၀ ခန့်နက်တဲ့ ရေတွင်းထဲကိုပြုတ်ကျ ပျံလွန်တော်မူခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က ပြောပါတယ်။

 

ပျံလွန်ခဲ့တဲ့ သံဃာတော်မှာ မြပုခက်ဘုန်းတော်ကြီးကျောင်းမှာ သီးတင်းသုံးနေတဲ့ ဦးမာန္တိ ၄၃ နှစ်ဖြစ်ပြီး ရေတွင်းထဲကို ဘယ်လိုပုံစံ ပြုတ်ကျသွားခဲ့လည်း ဆိုတာကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

 

"ကျနော်တို့အဖွဲ့ကို ဘုန်းကြီးတပါးပျောက်နေတယ်၊ ရေတွင်းထဲကိုကျသွားတယ်လို့ သံသယရှိတယ်ပေါ့။ ရှာပေးပါဆိုပြီး ဖုန်းဆက်အကူညီတောင်းလာလို့ ရှာတော့၊ သေနေတာကိုတွေ့တာ။" လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က တာဝန်ရှိသူတဦးက ပြောပါတယ်။

 

ရုပ်အလောင်းကို ရေတွင်းထဲကဆယ်ယူပြီးတော့ ကျေးရွာက သက်ဆိုင်ရာလူကြီးတွေဆီကို အပ်နှံခဲ့ပြီးနောက် လူကြီးတွေက ဆက်လက်ပြီး အလောင်းကို ဘယ်လိုဆောင်ရွက်သွားခဲ့လည်း ဆိုတာကိုတော့ မသိရှိရတော့ဘူးလို့ သူကဆက်ပြောပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မန္တလေး #အမရပူရ #သံဃာ #သေဆုံးမှု #လူမှုကယ်ဆယ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10