သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာရှိ "ထူး" KTV ဆိုင်မှာ မန်နေဂျာနဲ့ဆိုင်ဝန်ထမ်းတွေက ဝိုင်းရိုက်ခဲ့တာကြောင့် လူငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ဘုရားလေးကျေးရွာက ကားဘော်ဒီရုံ ၁ ခုမှာအလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ် ကျော်အရွယ် ကိုမျိုးမြင့်အောင်ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်မနက် ၁ နာရီကျော်ခန့်မှာ KTV ဆိုင်အတွင်းရှိ အခန်း ၁ ခုထဲမှာ ဆိုင်ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ဆိုပါတယ်။
"ကောင်လေး ၁ ကောင်ထဲကို ဆွဲချုပ်ပြီးထိုးကြတာ။ ၇ ယောက်လောက် ဝိုင်းထိုးတာ။ နားထင်တွေ နောက်စေ့တွေကို ထိုးထားတာ။"လို့ ဒေသခံတဦးကပြောပါတယ်။
အထိုးခံထားရတဲ့ဒဏ်ရာတွေကြောင့် ကိုမျိုးမြင့်အောင်ကို အတူပါအဖော်တွေက ပဲခူးဆေးရုံကို ပို့ဆောင်ခဲ့ရာ ဆေးရုံရောက်ပြီး ၃ နာရီကျော်လောက်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတဲ့ ဆိုင်ဝန်ထမ်းတွေက ထွက်ပြေးနေပြီး မဖမ်းမိသေးဘူးလို့ ဆိုပါတယ်။
"ထူး" KTV ဆိုင်က KTV၊ အနှိပ်ခန်းနဲ့ ဇိမ်ခန်း၊ စားသောက်ဆိုင် တွဲလျက်ဖွင့်ထားတဲ့ ဆိုင် ၁ ဆိုင်ဖြစ်ပြီး စစ်ကောင်စီ၊ ရဲနဲ့အာဏာပိုင်အဖွဲ့တွေကို ငွေပေးပြီး ဖွင့်လှစ်ထားတဲ့ဆိုင်ဖြစ်တယ်လို့ သိရကြောင်း အထက်ပါဒေသခံက ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်ညနေ ၅ နာရီကျော်မှာ ကိုမျိုးမြင့်အောင်နဲ့ သူငယ်ချင်းဖြစ်သူ လင်းလင်းကျော်၊ ဖြိုးသူအောင် တို့ဟာ KTV အခန်းမှာ သီးချင်းဆိုပြီး အနှိပ်ခန်းဘက်ကို အခန်းရမလားဆိုပြီး သွားမေးရာက ဆိုင်ဝန်ထမ်းအချို့နဲ့ အဆင်မပြေဖြစ်ပြီး စကားများခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မနက် ၁ နာရီခန့်မှာ မျိုးမြင့်အောင်တို့ ၃ ဦးက အနှိပ်ခန်းအခန်းအတွင်းရှိနေစဥ် အနှိပ်ခန်းမန်နေဂျာ စိုးမင်းသူ (ခ) ကုလားလေး (ခ) စိုးကြီး ၃၈ နှစ်၊ KTV ခန်းမန်နေဂျာ ဇော်နိုင်ဝင်း ၅၀ နှစ်နဲ့ ဆိုင်ဝန်ထမ်း ၅ ဦးရောက်လာကာ မျိုးမြင့်အောင် ၁ ဦးတည်းကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတာလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #KTV #မန်နေဂျာ #ထိုးကြိတ် #သေဆုံး
Share Share Share