သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးခရိုင် PDF အနေနဲ့ ဒီနေ့ တရက်တည်းမှာ စစ်ကောင်စီကို ၂ကြိမ်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ၇ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၇ဦးနီးပါး ရှိခဲ့ပါတယ်။
မတ်လ ၃၀ ဒီနေ့ မနက် ၅နာရီဝန်းကျင်မှာ ညောင်လေးပင်မြို့နယ်မှာ စိုက်ပျိုးရေးချေးငွေလာကောက်တဲ့ စစ်ကောင်စီကားကိုမိုင်းဆွဲခဲ့ပြီး ညနေ ၄နာရီကျော်မှာ အမြန်လမ်းက စစ်ကောင်စီဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
" ဒီနေ့ ညောင်လေးပင်နဲ့အမြန်လမ်း ၂ခုပါ ခင်ဗျ၊ အမြန်လမ်း ၅၂ မိုင်က စကစဂိတ် ကို ပဲခူးခရိုင် PDF တပ်ရင်း(၁) ခွဲ(၁) က တပ်ဖွဲ့ဝင်တွေ က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ ခင်ဗျ၊ ပစ်ခတ်မှုတော့ မဖြစ်ပါဘူး" လို့ Bago Region PDF က ပြန်ကြားရေးက တာဝန်ခံက ပြောပါတယ်။
ညောင်လေးပင်မြို့ တိုက်ခိုက်မှုမှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူး ၂ဦးနဲ့ ရဲ တဦး စုစုပေါင်း ၄ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃ဦးက အခုညပိုင်းမှာ သေဆုံးခဲ့တယ်လို့ Bago Region PDF က ပြောပါတယ်။
"သေဆုံးမှုကပွဲချင်းပြီးတယ်ဗျ။ ညောင်လေးပင်က နောက်ထပ် ၃ ယောက်ဒီညထပ်သေပါတယ်" လို့ ပြန်ကြားရေး တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ညောင်လေးပင်မြို့နယ်ထွေအုပ်မှ ထူးစေး၊ ရာအိမ်မှူး ကုလား ခေါ် တင်စိုး၊ ပြည်တော်အေးပိုင်း ရာအိမ်မှူးနိုင်ဝင်းနှင့် ရခ တစ်ကောင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပါသည်။ ထို့ပြင် ပေါက်ကုန်းလေးအုပ်ကြီး၊ အနောက်ပိုင်းရွှေကျိုး မြင့်လွင်နှင့် အခြား ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါသည်။ လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
အမြန်လမ်းက စစ်ကောင်စီဂိတ်တိုက်ခိုက်မှုမှာ စစ်သားအင်အား ၆ဦးရှိတဲ့ ဂိတ်ကို မိုင်းဆွဲခဲ့တာဖြစ်ပြီး နောက်ထပ်ရောက်လာတဲ့ စစ်ကားတစီးပါ တိုက်ခိုက်ခံရလို့ ကားတခြမ်း ပျက်စီးပြီး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
" ပြည်သူတွေအနေနဲ့ စကစ များနဲ့နီးစပ်တဲ့နေရာတွေကိုရှောင်ကြဖို့နဲ့ ပတ်သက်ဆက်ဆံတာမျိုးမလုပ်ကြဖို့မှာချင်ပါတယ်။ ကျနော်တို့စကစ ကိုအရှိန်ဟုန်မြှင့်တိုက်ခိုက်တဲ့အခါ ပြည်သူတွေရှိနေရင် ထိခိုက်မှုတွေဖြစ်မှာစိုးရိမ်လို့ပါ" လို့ Bago Region PDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
အမြန်လမ်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ဦး ထိခိုက်ခဲ့ပြီး ညောင်လေးပင်မြို့နယ် တိုက်ခိုက်မှုမှာ မနက်ပိုင်း ၄ဦးပွဲချင်းပြီး သေဆုံးပြီး ညပိုင်းမှာ ၃ဦးထပ်ပြီးသေဆုံးခဲ့ပါတယ်။
#မြေလတ်အသံ
Share Share Share