သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်၊ ကျေးရွာတွေမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကလာမယ့် စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်လာနေတယ်လို့ သိရပါတယ်။
ရက် ၉၀ စီမံချက်နဲ့လာမယ့် ရွေးကောက်ပွဲမှာ ပြုလုပ်မယ့်အချိုးကျကိုယ်စားပြုစနစ် PR နဲ့ပတ်သက်ပြီး ပါတီဝင်တွေနဲ့ပါတီထောက်ခံသူတွေကို ရှင်းလင်းပြောဆိုတာ၊ ပါတီဝင်အသစ်တွေရဖို့ စည်းရုံးရေးဆင်းတာ၊ ပါတီဝင်စီစစ်တဲ့လုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ ပါတီနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"ကြံခိုင်ရေးပါတီက ခုလို ကိစ္စတွေလုပ်လာတာ ဒီဇင်ဘာမတိုင်ခင်ကတည်းက လုပ်လာတာ။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေလုပ်လာတာလို့ မြင်တယ်။ ပြိုင်ဘက် NLD ပါတီကလည်း ဝင်ပြိုင်မှာမဟုတ်တော့ ရွေးကောက်ပွဲဖြစ်ရင် စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ သူတို့ဘဲ အားသာမယ့်သဘောရှိတယ်" လို့ ပြောပါတယ်။
ကြံခိုင်ရေးပါတီက ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဥ်တွေကို ဆွေးနွေးဟောပြော စည်းရုံးရေးလုပ်ဖို့ ပဲခူးတိုင်းထဲက နေရာအနှံကိုမသွားနိုင်သေးဘဲ မြို့ပေါ်နဲ့စစ်ကောင်စီဘက်က ထိန်းချုပ်ထားနိုင်သေးတဲ့ကျေးရွာတွေဘက်မှာသာ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
"ဒါက ရွေးကောက်ပွဲနီးလာလို့ သူတို့ဘက်က ပြင်ဆင်မှုတွေ လုပ်လာတယ်လို့ပဲ မြင်တယ်။ ပဲခူးအနောက်ခြမ်းဘက်မှာလည်း စကစ ဘက်က ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ့် ပုံစံတွေ တွေ့လာရတယ်။ ရွေးကောက်ပွဲဖြစ်တာ မဖြစ်တာက ပြည်သူတွေအပေါ်မှာ မူတယ်တယ်။ ပြည်သူတွေက ကိစ္စတခုကို မေ့လွယ်ပျောက်လွယ်တာမျိုး မဖြစ်ဖို့တော့လိုတယ်။ ဒီအချိန်မှာ ပြည်သူနဲ့စကစ တော်လှန်နေတဲ့သူတွေအကြား အချိတ်ဆက်မိမိနဲ့ ပိုလုပ်နိုင်ဖို့လိုတယ်" လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ စစ်ကောင်စီကရွေးကောက်ပွဲကို PR စနစ်နဲ့ပြုလုပ်ဖို့ ခြေလှမ်းပြင်ဆင်တာတွေရှိနေပြီး အခြေခံမဲဆန္ဒရှင်စာရင်းတွေ ကောက်ယူဖို့ လက်အောက်ခံဝန်ထမ်းတွေကိုပါ သင်တန်းတွေ ပို့ချနေပြီလို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီးတခုလုံးမှာ ကြံခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းနေရာ ၁၄၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်လောင်းနေရာ ၁၀ နေရာကျော်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
#မြေလတ်အသံ
Share Share Share