ပဲခူးတိုင်းထဲက PDF တပ်ရင်းတွေကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံ

ပဲခူးတိုင်းထဲက PDF တပ်ရင်းတွေကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ ပဲခူးတိုင်းအတွင်းက PDF တပ်ရင်းတွေဆီ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီခရီးစဥ်မှာ PDF တွေစိုးမိုးထားတဲ့ စစ်တောင်းမြစ်အလွန်ဒေသတွေကိုလည်း သွားရောက်ခဲ့ပြီး တပ်ရင်းတွေရဲ့ လက်တလောလိုအပ်ချက်တွေအတွက် ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အဲ့ဒီအပြင် အနာဂတ်စစ်ဆင်ရေးတွေအတွက်လည်း အရေးတကြီးလိုအပ်ချက်တွေကို အလျင်အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းအတွင်းက စိုးမိုးနယ်မြေတွေနဲ့ တပ်ရင်း တပ်ဖွဲ့တွေဆီကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေဖြစ်တဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့ပါတယ်။

တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူတွေဘက်ကလည်း မြေပြင်အခြေအနေတွေ၊ စစ်ဆင်ရေးအခြေအနေတွေ၊ PDF တပ်ရင်းတွေရဲ့ လိုအပ်ချက်တွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#ပဲခူး #NUG #ပြည်ထောင်စုဝန်ကြီးချုပ်ရုံး #တပ်ရင်းတပ်ဖွဲ့ #တွေ့ဆုံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10