ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ အချက်အလက်များ

ပဲခူးတိုင်းဒေသကြီးအတွင်း အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေကို ဖေါ်ပြပေးသွားပါ့မယ်။

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီးအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့ပါတယ်။

အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးစလုံးမှာ ဗမာတိုင်းရင်းသားများဖြစ်ပြီး အမျိုးသား ၁၁ နဲ့ အမျိုးသမီး ၁ ဦးတို့ ပါဝင်ပါတယ်။

ပညာအရည်အချင်းတွေကတော့ ၁၂ ဦးစလုံး ဘွဲ့ရပညာတက်တွေဖြစ်ပြီး၊ ဆေးပညာဘွဲ့ရရှိထားသူ ၆ ဦး၊ ဥပဒေဘွဲရရှိထားသူ ၃ ဦးနဲ့ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရရှိထားသူ ၃ ဦးတို့ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း ပါဝင်သူ ၁ ဦး၊ အသက် ၃၆ ကနေ ၄၅ နှစ်အတွင်း ပါဝင်သူ ၂ ဦး၊ အသက် ၄၆ နှစ်ကနေ ၆၅ နှစ်အတွင်း ပါဝင်သူ ၇ ဦးနဲ့ အသက် ၆၆ နှစ် ကနေ ၇၅ နှစ်အတွင်းပါဝင်သူ ၂ ဦးတို့ဖြစ်ကြပါတယ်။

လွှတ်တော်အတွေ့အကြုံတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၂၀၁၀ နောက်ပိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားတွေလည်းပါဝင်ပါတယ်။ အမျိုးသားလွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၇ ဦးနဲ့ ကိုယ်စားလှယ်လောင်းအသစ် ၅ ဦးရှိပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ၃ ကြိမ်ဆက်တိုက်အနိုင်ရခဲ့သူ ၁ ဦးပါဝင်ပြီး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက်တိုက်အနိုင်ရခဲ့သူ ၆ ဦးပါဝင်ကာ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူ ၅ ဦးတို့ဖြစ်ပါတယ်ခင်ဗျာ။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10