ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အချက်အလက်များ

ပဲခူးတိုင်းဒေသကြီးအတွင်း အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေကို ဖေါ်ပြပေးသွားပါ့မယ်။

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈ နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့ပါတယ်။

အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦးထဲမှာ ဗမာတိုင်းရင်းသား ၂၆ ဦး၊ ကရင်တိုင်းရင်းသား ၁ ဦးနဲ့ ချင်းတိုင်းရင်းသား ၁ ဦးတို့ပါဝင်ပြီး အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၆ ဦး ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသက်အရွယ်တွေကတော့ အသက် ၂၅ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း ပါဝင်သူ ၁ ဦး၊ အသက် ၃၆ ကနေ ၄၅ နှစ်အတွင်း ပါဝင်သူ ၂ ဦး၊ အသက် ၄၆ နှစ်ကနေ ၆၅ နှစ်အတွင်း ပါဝင်သူ ၂၁ ဦးနဲ့ အသက် ၆၆ နှစ် ကနေ ၇၅ နှစ်အတွင်းပါဝင်သူ ၄ ဦးတို့ ဖြစ်ကြပါတယ်။

အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦးရဲ့ ပညာရေးဆိုင်ရာအချက်အလက်တွေကတော့ အလယ်တန်းအဆင့် ၁ ဦး၊ တက္ကသိုလ်အဆင့် ၂ ဦးနဲ့ ဘွဲ့ရရှိထားသူ ၂၅ ဦးဖြစ်ပြီးတော့ ဘွဲ့ရသူတွေထဲမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာဘွဲ့တွေ၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့တွေနဲ့ မဟာဘွဲ့ရရှိထားသူတွေနဲ့ Ph.D ဘွဲ့ရရှိထားသူတွေလည်း ပါဝင်ပါတယ်။

လွှတ်တော်အတွေ့အကြုံတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၂၀၁၀ နောက်ပိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားတွေလည်းပါဝင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၂၁ ဦးနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် အသစ် ၇ ဦးရှိပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ၃ ကြိမ်ဆက်တိုက်အနိုင်ရခဲ့သူ ၂ ဦးပါဝင်ပြီး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက်တိုက်အနိုင်ရခဲ့သူ ၁၉ ဦးပါဝင်ကာ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူ ၇ ဦးတို့ဖြစ်ပါတယ်ခင်ဗျာ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10