ပဲခူးတိုင်းမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အချက်အလက်များ

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၅၇ နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့ပါတယ်။

အနိုင်ရရှိခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၅၇ ဦးမှာ ၄၉ ဦးက အမျိုးသားတွေဖြစ်ပြီးတော့ အမျိုးသမီး ၈ ဦးပါဝင်ကာ ဗမာတိုင်းရင်းသား ၅၅ ဦးနဲ့ ကရင်တိုင်းရင်းသား ၂ ဦးတို့ ဖြစ်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားတွေရဲ့ ပညာရေးဆိုင်ရာအချက်အလက်တွေကတော့ အလယ်တန်းအဆင့် ၁ ဦး၊ အထက်တန်းအဆင့် ၆ ဦး၊ တက္ကသိုလ်အဆင့် ၇ ဦးနဲ့ ဘွဲ့ရ ၄၃ ဦး ဖြစ်ပြီး ဘွဲ့ရသူတွေထဲမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာဘွဲ့တွေနဲ့ ဝိဇ္ဇာ/သိပ္ပံဘွဲ့ ရရှိထားသူတွေ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း ပါဝင်သူ ၇ ဦး၊ အသက် ၃၆ ကနေ ၄၅ နှစ်အတွင်း ပါဝင်သူ ၂၀ ဦး၊ အသက် ၄၆ နှစ်ကနေ ၆၅ နှစ်အတွင်း ပါဝင်သူ ၂၂ ဦးနဲ့ အသက် ၆၆ နှစ် ကနေ ၇၅ နှစ်အတွင်းပါဝင်သူ ၈ ဦးတို့ဖြစ်ကြပါတယ်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၄၀ ဦးနဲ့ ကိုယ်စားလှယ်လောင်းအသစ် ၁၇ ဦးရှိပါတယ်။

လွှတ်တော်အတွေ့အကြုံတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၀ နောက်ပိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားတွေလည်းပါဝင်ပါတယ်။

၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်ဟောင်း ၁ ဦး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ၃ ကြိမ်ဆက်တိုက်အနိုင်ရခဲ့သူ ၁ ဦးပါဝင်ပြီး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက်တိုက်အနိုင်ရခဲ့သူ ၃၈ ဦးပါဝင်ကာ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူ ၁၇ ဦးတို့ဖြစ်ပါတယ်ခင်ဗျာ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10