ပဲခူးတိုင်းအတွင်းက PDFတွေ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားများ

ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်အသီးသီးမှာ အခြေစိုက်နေတဲ့ PDF အဖွဲ့တွေက ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တပ်ရင်း၊ တပ်ခွဲအလိုက် ပြုလုပ်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ဇော်ဂျီစစ်ကြောင်း၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ တပ်ခွဲ (၂၊ ၃၊ ၄)၊  တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ တပ်ခွဲ (၃၊ ၄၊ ၆)၊ ရေတာရှည်မြို့နယ် ပကဖ နဲ့ အလယ်ပိုင်းတိုင်း နေပြည်တော်စစ်‌ဒေသခွဲ ရိုးမစစ်ကြောင်း စတဲ့ တပ်ရင်း၊ တပ်ခွဲ အသီးသီးမှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို စုစည်းတင်ဆက်ထားပါတယ်။

အခမ်းအနားမှာတော့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတာ၊ PDF အလံတော်ကို အလေးပြုတာ၊ လွမ်းသူ့ပန်းခွေချတာ၊ သစ္စာအဓိဌာန် သံပြိုင်ရွတ်ဆိုတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#​မြေလတ်အသံ

#ပဲခူး #အာဇာနည်နေ့ #PDF #ပြည်ခရိုင် #ရိုးမစစ်ကြောင်း #ဇော်ဂျီစစ်ကြောင်း #တပ်ရင်း၃၆၀၁ #တပ်ရင်း၃၆၀၂

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10