ပဲခူးတိုင်းအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးရာထူးမှနုတ်ထွက်သူ ၁၅၀ ရှိလာ အစားထိုးခန့်ဖို့ မရှိလို့ ဆက်လုပ်နေရ

ပဲခူးတိုင်းအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးရာထူးမှနုတ်ထွက်သူ ၁၅၀ ရှိလာ အစားထိုးခန့်ဖို့ မရှိလို့ ဆက်လုပ်နေရ

ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၁၅၀ ခန့် ရာထူးကနေ နုတ်ထွက်ခဲ့ကြပြီး အစားထိုးခန့်ဖို့ လူမရှိလို့ တန်းစီစောင့်နေရတယ်လို့ သိရပါတယ်။

ဇူလိုင်ကနေ ယခုဩဂုတ်လအတွင်း အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ ရာထူးမှနုတ်ထွက်ဖို့ အများအပြားနုတ်ထွက်စာ တင်လာတာကြောင့် အစားထိုးခန့်အပ်မယ့်သူ ရှာပေးနိုင်မှသာ နုတ်ထွက်စာကို လက်ခံမယ်လို့ စစ်ကောင်စီကဘက်က ပြောဆိုလာတယ်လို့ ဆိုပါတယ်။

"နုတ်ထွက်စာကို လက်ခံပေးထားပေမယ့် အသစ်ခန့်ဖို့ လူမရောက်သေးခင် ထပ်လုပ်ပေးရမယ်လို့ သူတို့(စစ်ကောင်စီ)က ပြောတယ်။ လူမရှာပေနိုင်သေးလို့ နေ့တိုင်းရုံးပြန်ထိုင်နေရတယ်" လို့ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ယခုသြဂုတ်လလယ်အထိ ထွက်စာတင်နုတ်ထွက်ထားတဲ့ ရပ်ကျေးအဖွဲ့ဝင်ပေါင်း ၁၂၇ ယောက်ရှိပြီး ပြီးခဲ့တဲ့ ၁၈ ရက်နေ့မှာလည်း အုတ်ဖိုမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၂၃ ယောက် ထပ်မံထွက်စာတင်လာတာကြောင့် သာယာ၀တီခရိုင်ထွေအုပ်ရုံးက ထွက်စာတွေကို လက်မခံတော့ဘဲ လူစားရှာပေးနိုင်မှသာ ထွက်ခွင့်ကို နံပါတ်စဥ်အလိုက် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

လက်ရှိတွင် နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ နေ့စဉ်ရုံးတက်နေရတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့၀င်တွေနဲ့ ပျူစောထီးအဖွဲ့၀င်တွေကို ရှင်းလင်းမှုတွေ ပြုလုပ်လာတာကြောင့် နေ့စဉ်ရုံးထိုင်ဖို့ ထိတ်လန့်နေရတယ်လို့ အုပ်ချုပ်ရေးမှူးတဦးက ဆိုပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ အုပ်ချုပ်ရေးအဖွဲ့၀င်တွေ နေ့စဉ်ရုံးတက်ပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေရသော်လည်း ထိခိုက်သေဆုံးမှုတွေ ရှိလာပါက ကာကွယ်ပေးမှုမရှိသည့်အပြင် မိသားစုအတွက်တာ၀န်ယူပြီး အလောင်းကောက်ယူပေးမှုတောင် မရှိဘူးလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူး#အနောက်ခြမ်း#အုပ်ချုပ်ရေးမှူး#ရာအိမ်မှူး#ရာထူးမှနုတ်ထွက်#တန်းစီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10